A d v e r t i s e m e n t With Us

အီရတ်တွင် ကားဗုံးကွဲ၊ ၄၇ ဦး သေဆုံး

အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်က ရှီးယားမွတ်စလင်တွေနေတဲ့ ခရိုင်တွေထဲက လူထူတဲ့ ဈေးတွေမှာ ကားဗုံးပေါက်ကွဲမှုတွေ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့အတွက် လူ ၄၇ ဦး သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။ 1အိုင်အက်စ်လို့ ခေါ်တဲ့ ဆွန်နီမွတ်စလင်စစ်သွေးကြွတွေက ဘာသာရေးခေါင်းဆောင် အုပ်ချုပ်တဲ့နယ်မြေအဖြစ် အီရတ်နဲ့ ဆီးရီးယားနယ်စပ်တလွှားကို သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပြီး မြို့တော် ဘဂ္ဂဒက်ကို ချီတက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ အရင်က ဘဂ္ဂဒက်မြို့က ဗုံးခွဲမှုတွေ အတော်များများကို သူတို့လုပ်တာလို့ အခိုင် အမာပြောပြီး ရှီးယားမွတ်စလင်တွေဟာ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်တာကြောင့် သတ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ အိုင်အက်စ်တပ်တွေဟာ ၂၀၀၃ အာဏာရှင် ဆက်ဒမ်ဟူစိန် ရာထူးကျပြီးတည်းက အီရတ်လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်သူတွေပါ။ တချို့ ဆွန်နီမွတ်စလင်တွေက အိုင်အက်စ်တွေရဲ့ သဘောတရားကို သဘောမတူပေမယ့် အီရတ်ဝန်ကြီးချုပ် နူးရ်အယ်လ် မာလိကီကို ဖယ်ရှားရေး ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ထောက်ပံ့ကြတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up