DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးထုတ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိ
DVB
·
August 6, 2014
မူးယစ်ဆေးထုတ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိ
1 / 8
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ထဲမှာ အစိုးရလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ရာမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရေး ပစ္စည်းကိရိယာတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ် မူးယစ်တပ်ဖွဲ့က ပြောပါတယ်။

ခမရ ၅၅၃ နဲ့ ခလရ ၂၇၈ က တပ်ဖွဲ့ဝင်တွေဟာ ဒီလဆန်းပိုင်းကစပြီး မိုင်းဆတ်နယ်မြေတခွင်မှာ နေ့စဉ်ရက်ဆက်လို နယ်မြေရှင်းလင်းရင်း လျှိုမြောင်ထဲမှာ ယာဘ စိတ်ကြွမူးယစ်ဆေးပြားထုတ်လုပ်တဲ့ ပစ္စည်းကိရိယာတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်ခရိုင် မူးယစ် အထူးတပ်ဖွဲ့က ရဲအုပ်အောင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက် စစ်ကြောင်းထိုးနေတာ အဲဒီဘက်မှာ တောက်လျှောက်ပဲ။ ဘိန်းဖြူလစ်တာ ၄ သောင်းကျော်မိပြီးနောက်ပိုင်း ကွင်းဆက်ရှာပြီး စစ်ကြောင်းထိုးနေတာ ဒီကနေ့ထိ။ လေးနေရာ ထပ်မိတယ်။ ၁ ရက်စီပါ။ တပ်နဲ့ပေါင်းပြီး နယ်မြေရှင်းလင်းတော့ ကဖင်းကီလို ခြောက်ဆယ်ရယ် ဆက်စပ်ပစ္စည်းတွေပါ ရတယ်။ မိုင်းဆတ်နဲ့ မိုင် ၂၀ လောက်ဝေးပါတယ်။”

သြဂုတ်လ ၅ ရက်နေ့က မိုင်းဆတ်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ မိုင်းတွမ်းကျေး ရွာအုပ်စု ပူနားကိုရွာအနီး လျှိုမြောင်ထဲမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာသုံးတဲ့ အမဲရောင်အ၀ိုင်းပြား ၁၀ ပြားစီပါ အထုပ် ၂၀ ၊ ဆေးပြားပုံလောင်းခွက် ၂ လုံး၊ WY စာလုံးတံဆိပ်ပါ သံနဲ့လုပ်ထားတဲ့ မှို ၈ ခု၊ ကဖင်းအလေးချိန် ၁၂.၅ ကီလိုလောက်အပါအ၀င် ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ ခရိုင်မူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အလားတူ သြဂုတ် ၁ ရက်နေ့တုန်းကလည်း မိုင်းတွမ်းကျေးရွာအုပ်စု ဟွေမီး(၁) ရွာနားမှာ စိတ်ကြွ ဆေးပြားတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ခရိုင်မူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

မိုင်းဆတ်မြို့နယ် မိုင်းတွမ်းရွာသားတဦးက အစိုးရစစ်ကြောင်းက နယ်မြေရှင်း လင်းစဉ် အပြန်အလှန်ပစ်ခတ်မှုတွေ ကြားရသလို ရွာသားတချို့လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

ရဲအုပ် အောင်ကျော်စိုးကတော့ ပစ်ခတ်မှု မရှိပါကြောင်း၊ ရွာသားတချို့ထွက်ပြေးတာ ကြားသိရပေမယ့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေသာ ဖြစ်နိုင်ကြောင်း ဒီဗွီဘီကို ပြောသွားပါတယ်။

[gallery ids="61779,61780,61781,61782,61783,61784,61785"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013