DVB Logo
Home
မြန်မာသတင်း
ငွေလဲနှုန်းနှင့် ဒေသတွင်းစီးပွား
DVB
·
August 6, 2014
ငွေလဲနှုန်းနှင့် ဒေသတွင်းစီးပွား
Donate to DVB

သြဂုတ် ၆ ရက်နေ့ ငွေလဲနှုန်း

အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၉၇၆ ကျပ် ပေါက်ပါတယ်။ ဥရောပ ၁ ယူရိုကို မြန်မာကျပ်ငွေ ၁၃၀၅၊  ထိုင်း ၁ ဘတ်ကို မြန်မာကျပ်ငွေ ၃၀.၃၊ စင်ကာပူ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၇၈၂.၃ အသီးသီး ပေါက်ဈေးရှိပါတယ်။

ရွှေဈေး

အကယ်ဒမီ ရွှေ ၁ ကျပ်သားကို ကျပ်ငွေ ၆၆၉၀၀၀ ၀န်းကျင်နဲ့    အရောင်းအ၀ယ်ဖြစ်ပါတယ်။  ကမ္ဘာ့ရွေဈေးကတော့ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၉၁ ရှိပါတယ်။

ထိုင်းစွမ်းအင်ကုမ္ပဏီ မြန်မာ့သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်

ထိုင်းအစိုးရပိုင် စွမ်းအင် ကုမ္ပဏီ ပီတီတီအီးပီဟာ မြန်မာနိုင်ငံ ဇောတိက ကမ်းလွန် စီမံကိန်းက သဘာဝဓာတ်ငွေ့တွေကို သြဂုတ် ၅ ရက်နေ့က စတင် ပို့ဆောင်နေပြီလို့ ကုမ္ပဏီက ဒီကနေ ထုတ်ပြန်ပါတယ်။

ဒီစီမံကိန်းကနေ တရက်ကို သဘာဝဓာတ်ငွေ့  ကုဗပေ သန်း ၂၄၀  ပို့ဆောင်ဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

၂၀၁၄ မတ်လကတည်းက စပြီး ဒီစီမံကိန်းကနေ မြန်မာပြည်တွင်းမှာ အသုံးပြုဖို့အတွက် တရက်ကို သဘာဝဓာတ်ငွေ့  ကုဗပေ သန်း  ၆၀ ထုတ်လုပ်ခဲ့ပါတယ်။

ပီတီတီအီးပီ လုပ်ဆောင်နေတဲ့ မုတ္တမ ပင်လယ်ကွေ့က ဒီဇောတိက စီမံကိန်းဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး ကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ လုပ်ကွက် တခုလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းကနေ ပီတီတီအီးပီက ၈၀ ရာခိုင်နှုန်း အကျိုးအမြတ်ရရှိမှာဖြစ်ပြီး ၂၀ ရာခိုင်နှုန်းကတော့ မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့ဌာနက ရရှိမှာ ဖြစ်ပါတယ်။

ပီတီတီအီးပီက ဇောတိက စီမံကိန်းမှာ ထုတ်လုပ်ရေးတွေကို ပိုမိုအထောက်အကူပြုဖို့ တူးဖော်ရေးလုပ်ငန်းတွေကို တိုးမြင့်လုပ်ဆောင်နေပါတယ်။

၂၀၁၄-၁၅ ခုနှစ်မှာလည်း ဒီစီမံကိန်းကနေ သဘာဝဓာတ်ငွေ့ ရေရှည်ထုတ်လုပ်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်နေပါတယ်။

 

မြန်မာ့ဆက်သွယ်ရေး တခြားအော်ပရေတာများနှင့် ယှဉ်ပြိုင်ရန် စီစဉ်နေ

ဆက်သွယ်ရေးလိုင်စင်နည်းဥပဒေ ထွက်ရှိလာတဲ့အခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ လုပ်ငန်းလိုင်စဉ်အသစ် ပြန်လည်လျှောက်ထားပြီး တခြားအော်ပရေတတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

လက်ရှိအနေနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ဈေးကွက်အတွင်းမှာ ဝေစုအများဆုံးနေရာယူထားတာဖြစ်ပြီး အော်ရီဒူး၊ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ KDDI Sumitomo နဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးဝန်ဆောင်မှုတွေ တိုးမြှင့်မှာဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ဆက်သွယ်ရေးလိုင်စင် နည်းဥပဒေ ထွက်ရှိလာတဲ့အခါ လုပ်ငန်းလိုင်စဉ်အသစ် ပြန်လည်လျှောက်ထားပြီး အခြားအော်ပရေတာများနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အရင်တုန်းက တယ်လီဖုန်းနဲ့ အင်တာနက်ဈေးကွကို မြန်မာ့ဆက်သွယ်ရေးက တဦးတည်း ထိန်းသိမ်းထားတာ ဖြစ်ပြီး အခုအခါ နိုင်ငံခြားအော်ပရေတာတွေဖြစ်တဲ့ တယ်လီနော၊ အော်ရီဒူးတို့နဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်သွယ်ရေး လိုင်စင်နည်းဥပဒေသစ် ထွက်ရှိလာမှသာ  တယ်လီဖုန်း အော်ပရေတာတွေဟာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အပြည့်အဝ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013