အမေရိကန်ဗိုလ်ချုပ် လုပ်ကြံပစ်ခတ်ခံရမှုကြောင့် သေဆုံး

အာဖဂန်နစ္စတန်မှာ အာဖဂန်စစ်သားလို့ ယူဆရသူတဦးက လုပ်ကြံပစ်ခတ်ခဲ့လို့ အမေရိကန်ဗိုလ်ချုပ် ၁ ဦး သေဆုံးခဲ့ပြီး ဂျာမန်ဗိုလ်ချုပ် ၁ ဦးနဲ့ နေတိုး စစ်မဟာမိတ်အဖွဲ့က တပ်သား ၁၂ ဦး ဒဏ်ရာရသွားတယ်လို့ အာဖဂန်အရာရှိတွေက သြဂုတ် ၅ ရက်နေ့မှာ အတည်ပြုပါတယ်။ 06AFGHANhp-articleLargeလုပ်ကြံခံလိုက်ရတဲ့ အမေရိကန်ဗိုလ်ချုပ်ဟာ ဟာရိုဒ်ဂရင်းနီ ဖြစ် ပြီး နိုင်ငံတကာ စစ်ဗျူဟာ (အိုင်အက်စ်အေအက်ဖ်) မှာ အကြီးတန်းအရာရှိ တဦးဖြစ်တယ်လို့ အမေရိကန်မီဒီ ယာတွေက အစီရင်ခံပါတယ်။ ဒီလို လုပ်ကြံခံလိုက်ရ တာဟာ ဗီယက်နမ်စစ်ပွဲနောက်ပိုင်း တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့သမျှ အမေရိကန် အရာရှိတွေထဲမှာ အဆင့်မြင့်ဆုံးရာထူး ဖြစ်တယ်လို့ အမေရိကန် စစ်တပ်အရာရှိတွေက ပြောပါတယ်။ ဂျာမန် ဗိုလ်ချုပ်ကြီး ဒဏ်ရာရတယ်ဆိုတာကိုတော့ ဂျာမန်စစ်တပ်က အတည်ပြုပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အမေရိကန်စစ်သား ၇ ဦးနဲ့ ဗြိတိသျှစစ်သား ၅ ဦးလည်း ပါဝင်တယ်လို့ အာဖဂန်အရာရှိတဦးက ပြောပါတယ်။ ကဘူးလ်မြို့မှာ ရှိတဲ့ မာရှယ်ဖာဟမ် နိုင်ငံတော်စစ်တက္ကသိုလ်မှာ သြဂုတ် ၅ ရက်နေ့က တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ အမေရိကန် ဗိုလ်ချုပ်ကြီးနဲ့ ဂျာမန်ဗိုလ်ချုပ်ကြီးတို့ဟာ အာဖဂန်မှာ ရောက်နေတယ်လို့ ပင်တဂွန်က ပြောပါတယ်။ အမေရိကန်အရာရှိတဦးက သေနတ်သမားဟာ အပေါ့စား စက်သေနတ်ကို သုံးခဲ့တယ်လို့ ပြောပါတယ်။ အာဖဂန်ကာကွယ်ရေးဌာနကတော့ သေနတ်သမားဟာ အာဖဂန်စစ်တပ် ယူနီဖောင်း ၀တ်ထားတဲ့ အကြမ်းဖက်သမားလို့ ပြောပါတယ်။ အာဖဂန်သမ္မတက တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး တိုက်ခိုက်ခံရတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အာဖဂန်လုံခြုံရေးတပ်တွေ တည်ဆောက်ရေးအတွက် အကူအညီပေးဖို့ လေ့လာနေတာလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up