DVB Logo
Home
မြန်မာသတင်း
ဦးထင်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်
DVB
·
August 6, 2014
ဦးထင်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်
Donate to DVB

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ကို သြဂုတ် ၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ပါတယ်။

ပြည်ထောင်စုအစိုးရဟာ တာဝန်မကျေတဲ့အတွက် သမ္မတကြီး ဦးသိန်းစိန်အစိုးရ နုတ်ထွက်ပေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်တယ်ဆိုတဲ့ ကြွေးကြော်သံပါ စာရွက်တွေကို အများသူငါကို ဝေငှတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပြစ်ဒဏ်စီရင်ခဲ့တာပါ။

[caption id="attachment_61717" align="alignleft" width="300"]Htin Kyaw ဦးထင်ကျော်ကို သြဂုတ်လ ၄ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားရုံးထုတ်စဉ်[/caption]

ဦးထင်ကျော်ဟာ အလားတူ ပုဒ်မတွေနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁၂ မြို့နယ်မှာ တရားရင်ဆိုင်နေပြီး မြို့နယ် ၆ မြို့နယ်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ပြီးခံခဲ့ရပြီး ဖြစ်ပါတယ်။ ကျန် ၆ မြို့နယ်မှာ ဆက်လက် တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ၂၀၀၆ ခုနှစ်ပိုင်းလောက်ကတည်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။

သူ့အတွက် လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေဦးရောဘတ်ဆန်းအောင်က ဦးထင်ကျော်အပေါ် တရားစွဲအဖွဲ့အစည်းတွေရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံဟာ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ထောက်ပြပါတယ်။

“အမှန်မှန်ကတော့ ကျနော်တို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၃၄ မှာလည်း အတိအလင်းဆိုထားတာပဲ။ တနှစ်အတွင်းမှာဖြစ်ပွားတဲ့ မျိုးတူပြစ်မှု (Same Kind of Offence) ဆိုလို့ရှိရင် ၃ မှု ၁ မှု စစ်ဆေးရမယ့်အစား အရင် မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်တုန်းက ခါးပိုက်နှိုက်တွေကို ဂါတ်လှည့်၊ ရုံးလှည့်သလို တမြို့နယ် ၁ မှုနှုန်းနဲ့ လုပ်နေတော့ ဒါ တရားစွဲအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်မှာ အားနည်းချက်တွေရှိနေပြီဆိုတာ ပေါ်ပေါက်ပါတယ်။

“နောက်တချက်က ခရိုင်တရားရုံးတွေအနေနဲ့က ဒီလိုဖြစ်ပျက်နေတဲ့ ပြဿ  နာတွေအပေါ်မှာ အမှုပြီးပြတ်ချက်တင်သွင်းလာရင် ပြင်ဆင်တည့်မတ်ပေးရမှာဖြစ်ကြောင်းနဲ့ အမှုတွဲတောင်းပြီး ခရိုင်တရားရုံးရဲ့ မူလဘူတအာဏာနဲ့ နိုင်ငံသားတွေ မနစ်နာအောင် ပေါင်းစပ်ပေးသင့်တယ်” လို့ ပြောပါတယ်။

ခရိုင်တရားရုံးတွေက အဆိုပါအတိုင်း မဆောင်ရွက်ကြတာကြောင့် လူတယောက်တည်းကို (၁၂) မှုနဲ့ နှစ်ပေါင်းများစွာ ထောင်ထဲမှာ အချိန်ကုန်ပြီး တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ မပါဝင်နိုင်အောင် ဟန့်တားထားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

ဦးထင်ကျော်ကို ဒီလ ၁၈ ရက်နေ့ကျရင် ပုဒ်မတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပဲ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တရားရုံးမှာ သူ့အဖွဲ့သား ဦးနောင်နောင်နဲ့အတူ ရုံးထုတ်စစ်ဆေးပြီး အမိန့်ချမှတ်ဖွယ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013