DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအတွက် စီးပွားရေးစင်တာ ဖွင့်လှစ်
DVB
·
August 5, 2014
မသန်စွမ်းသူများအတွက် စီးပွားရေးစင်တာ ဖွင့်လှစ်
Donate to DVB

စီးပွားရေးနဲ့ အလုပ်အကိုင်တွေမှာ ဝင်ငွေရှာဖွေတတ်အောင် မသန်စွမ်းသူတွေအတွက် စီးပွားရေးစင်တာကို မသန်စွမ်းရှေ့ဆောင်အဖွဲ့က ဦးဆောင်ပြီး မရမ်းကုန်းမြို့နယ် သာယာရေးလမ်းမှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

Disable 2 copyမသန်စွမ်းရှေ့ဆောင်အဖွဲ့ အစီအစဉ်ဒါရိုက်တာ ကိုနေလင်းစိုးက “မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းတဲ့လူတွေ လည်း စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်တယ် ဆိုတဲ့ အကြောင်း၊ မြန်မာ နိုင်ငံမှာရှိတဲ့ လက်လှမ်းမီတဲ့ မသန်စွမ်းဖြစ်နေသူတွေအတွက် တစထက်တစ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးသွားပေးဖို့၊ ကျနော်တို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ဟာ ပြည်တွင်းပြည်ပက အလှူရှင်တွေအပေါ်မှာလည်း တသက်လုံး မှီခိုသူတွေအဖြစ်နဲ့နေဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်အားကိုယ်ကိုးပြီး ကျနော်တို့ အဖွဲ့အစည်းတခုလုံး ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ဆိုတဲ့ ဒီရည်ရွယ်ချက် ၃ ရပ်နဲ့ မသန်စွမ်းသူများဆိုင်ရာ စီးပွားရေး ပျိုးထောင်မှုစင်တာကို ရည်မှန်းချက်ထားပြီး ဖွင့်လှစ်ခဲ့တာ” လို့ ပြောပါတယ်။

ဒါ့အပြင် လူမှုအသိုင်းအဝိုင်းမှာ ပိုမိုပါဝင်နိုင်ဖို့အတွက် မျက်စိမမြင်တဲ့သူတွေ၊ ကိုယ်အင်္ဂါ မသန်စွမ်းတဲ့သူတွေ နဲ့ အခြားမသန်စွမ်းဖြစ်နေတဲ့ လူတိုင်းအတွက် အခုဖွင့်လှစ်လိုက်တဲ့ စီးပွားရေးစင်တာမှာပဲ အင်တာနက်ဆိုင်ကို အခမဲ့သုံးစွဲဖို့ ဖွင့်လှစ်ထားပြီး ရပ်ကွက်ပြည်သူတွေကိုတော့ အခကြေးငွေယူမယ်လို့ ဆိုပါတယ်။

နောက်ထပ်အသေးစား စီးပွားရေးဖြစ်တဲ့ ပုံနှိပ်လုပ်ငန်းနဲ့ ဓာတ်ပုံလုပ်ငန်းကို ဆက်လက်လုပ်ကိုင်မှာဖြစ်ပြီး ရှေ့ဆောင်အဖွဲ့ရဲ့ မီကီတီးဝိုင်းအဖွဲ့ကိုလည်း ဝင်ငွေအတွက် စီးပွားဖြစ် လုပ်ကိုင်တော့မှာပါ။

မသန်စွမ်းသူတွေထဲမှာ ကွန်ပျူတာကျွမ်းကျင်သူ၊ ဘာသာစကားကျွမ်းကျင်သူတွေနဲ့ အခြားကျွမ်းကျင်သူတွေရှိတာကြောင့် ဒီလူတွေအနေနဲ့ စင်တာက ပံ့ပိုးကူညီပေးမှာမို့ ဆက်သွယ်နိုင်တယ်လို့ ကိုနေလင်းစိုးက ပြောပါတယ်။

မသန်စွမ်းတွေရဲ့ စီးပွားရေးစင်တာအတွက် အဓိက ကူညီနေတဲ့ ဂျပန် နီပွန်ဖောင်ဒေးရှင်းကလည်း ရှေ့ဆောင်မသန်စွမ်းအဖွဲ့ကို အငှားကားလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ကား ၆ စီး လှူဒါန်းသွားတယ်လို့ ဆိုပါတယ်။

ကိုနေလင်းစိုးက “ပြည်တွင်းပြည်ပ ဧည့်သည်တွေအတွက် ကျနော်တို့ ဝန်ဆောင်မှုပေးမယ်။ ထူးခြားချက်က ဘာလဲဆိုတော့ ဝှီးချဲနဲ့ သုံးတဲ့လူတွေ၊ သက်ကြီးရွယ်အိုတွေ၊ လှုပ်ရှားသွားလာဖို့ ခက်တဲ့လူတွေအတွက်ပါ ဝှီးချဲနဲ့အလွယ်တကူ စီးနင်းနိုင်တဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ ကားတွေပါ ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ကို ၂၀၁၀ ပြည့်နှစ်မှာ ဖွဲ့စည်းခဲ့ပြီး မသန်းစွမ်းသူတွေအတွက် အသိပညာပေးလုပ်ငန်းတွေကို အစိုးရဌာန၊ ပြည်တွင်းပြည်ပ အကူအညီတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၀၉ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းအရေအတွက် ၁၃ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013