နိုင်ငံတကာ ချန်ပီယံများ ဖိတ်ခေါ်ဖလား မန်ယူ ဆွတ်ခူး

နိုင်ငံတကာ ချန်ပီယံများ ဖိတ်ခေါ်ဖလား ဗိုလ်လုပွဲကို အမေရိကန်နိုင်ငံ မိုင်ယာမီမှာ ဒီနေ့မနက်ပိုင်းက ပရီးမီးယားလိဂ်ရဲ့ ခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်ယူအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ International-Champions-Cup-2014-Final-Liverpool-v-Manchester-Unitedမန်ယူအသင်းကို ရွန်နီက ဦးဆောင်ပြီး ၃-၅-၂ ကစားကွက်၊ လီဗာပူးကို ဂျရတ်က ဦးဆောင်ပြီး ၄-၃-၃ နဲ့ပွဲထွက်လာ တာ ဖြစ်ပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို မန်ချက်စတာ ယူနိုက် တက် နောက် တန်းလူ ဖေးဂျုံးရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားပြီး ဂျရတ်က အမှားအယွင်းမရှိ သွင်းယူပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး လူစုံထုတ် ယှဉ်ပြိုင်သွားလို့ အကြိတ်အနယ်နဲ့ ပရိသတ်အကြိုက် ပွဲကောင်း တပွဲလည်း ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြိုင်ပွဲတလျှောက် ရိုမား၊ အင်တာနဲ့ ရီရဲလ်လို အသင်းကြီးတွေကို အနိုင်ကစားပြီး ဖြတ်ကျော်လာတာပါ။ မန်ယူအတွက် ချေပဂိုးကို ဒုတိယပိုင်း ၁၀ မိနစ်လောက်မှာ အသင်းခေါင်းဆောင် ရွန်နီက သွင်းယူပါတယ်။ ဒီပွဲမှာ လီဗာပူးက ကော်တင်ညိုနဲ့ စတာလင်တို့ရဲ့ ကန်ချက်တွေ မန်ယူနောက်တန်းနဲ့ ဂိုးပေါက်ကို ဖိအားပေး ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ မန်ယူအတွက် ဒုတိယဂိုးကို ကွင်းလယ်သမား မာတာက အဝေးကစ်ကနေ သွင်းယူခဲ့ပြီး နောက်ဆုံး အပိတ်ဂိုးကို ၈၈ မိနစ် လောက်မှာ လူစားဝင်လာတဲ့ လင်ဂတ်က သွင်းယူပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူဟာ နည်းပြသစ် ဗန်ဂါးလ်လက်ထက်မှာ ကစားကွက်အသစ်နဲ့အတူ တိုးတက်မှုတွေ ရနေတဲ့အသင်းလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ချန်ပီယံများ ဖိတ်ခေါ်ဖလားဟာ နည်းပြ ဗန်ဂါးလ်အတွက်တော့ မန်ယူနဲ့အတူ ပထမဆုံးရတဲ့ ဆုဖလား ဖြစ်ပါတယ်။ ဗန်ဂါးလ်က “လီဗာပူးကုd အနိုင်ကစားနိုင်လို့ အမေရိကန်နဲ့ ပြည်တွင်းမှာရှိတဲ့ မန်ယူ ပရိသတ်တွေအတွက်တော့ ကျေနပ်စရာပါ။ ကျနော်တို့က ပရိသတ်တွေကို ဖိအားတွေ  အများကြီး ပေးခဲ့ပြီးပါပြီ။ ရာသီအကြို ခြေစမ်းပွဲမှာ ရှုံးတာထက်စာရင် နိုင်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဆွမ်ဆီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ဖွင့်ပွဲပါပဲ။ အဲဒီပွဲမှာ နိုင်ဖို့က အရေးကြီးပါတယ်” လို့ ပြောပါတယ်။ မန်ယူအသင်းဟာ ပထမဆုံုံး ပရီးမီးယားလိဂ်ပွဲစဉ်ကို သြဂုတ် ၁၆ ရက်နေ့မှာ ဆွမ်ဆီး၊ လီဗာပူးကတော့ ပွဲဦးထွက်မှာ ဆောက်သန်တန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up