DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် လူငယ်တဦး သေနတ်ပစ်ခံရပြီး သေဆုံး၊ အဖြစ်မှန်ဖော်ထုတ်ပေးရန် တောင်းဆို
DVB
·
August 5, 2014
ကွတ်ခိုင်တွင် လူငယ်တဦး သေနတ်ပစ်ခံရပြီး သေဆုံး၊ အဖြစ်မှန်ဖော်ထုတ်ပေးရန် တောင်းဆို
Donate to DVB

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် လွယ်ငွင်းမှာ နေထိုင်တဲ့ ၁၆ နှစ်အရွယ် လူငယ်တဦး သေနတ်ထိမှန် သေဆုံးသွားတာတဲ့အတွက် အဖြစ်မှန် ဖော်ထုတ်ပေးဖို့ မိသားစုတွေက လိုလား နေပါတယ်။

deadပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က ကွတ်ခိုင်မြို့နယ်က ဟိုကျန့်အုပ်စုရှိ လွယ်ငွင်းကျေးရွာ မှာ နေထိုင်တဲ့ ဦးနော်ဘောက် ရဲ့သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မာတီး (ခ) ဘရန်နန်ဟာ သူတို့ မိသားစု စိုက်ပျိုးထားတဲ့ တောင်ယာစိုက်ခင်း ယာတဲအတွင်းမှာ နေထိုင်စဉ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ၀မ်းဗိုက်မှာ ကျည်ဆန်ထိမှန်ပြီး သေးဆုံးခဲ့တာ ဖြစ်ပါတယ်။

အစိုးရစစ်ကြောင်းတခုက ပစ်ခတ်တာလို့ မိသားစုဝင်တွေက ပြောပြီး အဖြစ်မှန် ဖော်ထုတ်ပေးဖို့ လိုလားနေကြတာပါ။

သေဆုံးသူရဲ့ ဖခင်ဖြစ်သူက “၂၈ ရက်နေ့မှာ ကလေးကို သူ့သူငယ်ချင်း ၂ ယောက်နဲ့ တောင်ယာမှာ ထားတဲ့အချိန်မှာ တပ်မတော် စစ်သားတွေ လာပစ်လို့ ဟို ၂ ယောက် ထွက်ပြေးလွတ်သွားတယ်။ ကျနော့်သားက ၀မ်းလျောလို့ တဲမှာ ရှိနေတဲ့အချိန်မှာ တပ် မတော်သားတွေ လာပစ်သွားတယ်။ ကျနော်သား သေသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

အခုလိုမျိုး ဖြစ်ရပ်ကြောင့် အဲ့ဒီကျေးရွာမှာရှိတဲ့ ရွာသားတွေ ကြောက်ရွံ့ထိတ်လန့်နေကြပါတယ်။

ရွာသားတဦးက “အခုအနေအထားက လူတွေ တောင်ယာတွေ ဘာတွေ မသွားရဲ တော့ဘူးပေါ့ဗျာ။ စစ်ကြောင်းတွေက ၀င်နေတော့ အားလုံး ဒုက္ခရောက်နေတယ်။ ကြောက်ပြီးတော့ တောင်ယာသွားမယ့်လူလည်း မသွားရဲဘူး၊ မှိုရှာမယ့်လူလည်း မရှာရဲ ဖြစ်နေတယ်။ အဲလိုမျိုးဆိုတော့ ကြောက်လန့်ပြီး ဘယ်သူမှ မလုပ်ရဲဘူး။ စားဝတ်နေရေးအတွက် အခက်အခဲရှိနေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်က မော်ဟန်ကျေးရွာအုပ်စုရှိ နမ့်ဟွေးနောင်စံကျေးရွားမှာ နေထိုင်တဲ့ ရွာသူရွာသားတွေကို အစိုးရစစ်ကြောင်းတခုက သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်တာတွေ ရှိခဲ့သလို လူနေအိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013