DVB Logo
Home
မြန်မာသတင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်
DVB
·
August 4, 2014
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်
Donate to DVB

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ - အမေရိကန် ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သြဂုတ် ၉ ရက်နေ့ နေပြည်တော်ကို ရောက်ရှိမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_61628" align="alignright" width="300"]john-kerry_2429306b ဂျွန်ကယ်ရီ[/caption]

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ နေပြည်တော် မှာ မြန်မာ အစိုး ရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ် ပါတယ်။ ဒီနောက် အမေရိကန် - အာဆီယံ အစည်းအဝေး၊ အာဆီယံဒေသတွင်း အစည်းအဝေး၊ အရှေ့အာရှ ၀န်ကြီးများ ဆွေးနွေးပွဲနဲ့ မဲခေါင်မြစ်အောက်ပိုင်း မိတ်ဆွေနိုင်ငံများ အစည်းအဝေးတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။

နေပြည်တော်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရေးရာရုံးကတော့ ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်ခေါင်းစဉ်တွေကို မသိရသေးဘူးလို့ ပြောပါတယ်။

ဒီခရီးစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် အနားယူသွားပြီးနောက် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ရယူခဲ့တဲ့ ဂျွန်ကယ်ရီရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်လည်း ဖြစ်ပါတယ်။

ခရီးစဉ်မတိုင်ခင်မှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာအစိုးရကို ဆက်လက် ဖိအားပေးဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက ဂျွန်ကယ်ရီထံကို စာပေးပို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013