A d v e r t i s e m e n t With Us

ဝန်ကြီး ဦးအောင်မင်း ငြိမ်းချမ်းရေးအခြေအနေ ရှင်းလင်း

ဦးအောင်မင်း ရှင်းလင်းနေစဉ် (ဓာတ်ပုံ - Nyo Ohn Myint)
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မြို့ခံ နိုင်ငံရေးပါတီတွေနဲ့ သြဂုတ် ၄ ရက်နေ့က တွေ့ဆုံပြီး ငြိမ်းချမ်းလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ [caption id="attachment_61625" align="alignright" width="300"]ဦးအောင်မင်း ရှင်းလင်းနေစဉ် (ဓာတ်ပုံ - Nyo Ohn Myint) ဦးအောင်မင်း ငြိမ်းချမ်းရေးအခြေအနေ ရှင်းလင်းတင်ပြနေစဉ် (ဓာတ်ပုံ - Nyo Ohn Myint)[/caption] ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စု ဝန် ကြီး ဦးအောင်မင်းရဲ့ ဖိတ်ကြားချက် အရ မြစ်ကြီးနားမြို့က အစိုးရအဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီတွေ ကို တွေ့ဆုံခဲ့ကြ တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (ကေအက်စ်ဒီပီ)ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားပေးတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံပွဲမှာ လက်ရှိ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကထား ရှင်းပြခဲ့တယ်လို့ ဒီတွေ့ဆုံပွဲမှာ ပါဝင်တဲ့ မြန်မာငြိမ်းချမ်း ရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ မနေ့ကတည်းက မြစ်ကြီးနားမှာ ရောက်နေတာ ဖြစ်ပြီး တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အလားအလာ ကောင်းနေပြီး ဒီလိုလုပ်ဆောင်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေ ပူးပေါင်းပါဝင်ကြဖို့လည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်

A d v e r t i s e m e n t With Us

More News
Up