DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့် ရန်ကုန်တွင် ကျင်းပရန်ပြင်ဆင်
DVB
·
August 4, 2014
ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့် ရန်ကုန်တွင် ကျင်းပရန်ပြင်ဆင်
Donate to DVB

၂၆ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီရ ဘုန်းကြီးကျောင်းမှာ ၈၈ မျိုးဆက်ကျောင်းသားတွေက ကျင်းပဖို့ စီစဉ်နေတယ်လို့ ရှစ်လေးလုံး ငွေရတုဖော်ဆောင်ရေးကော်မတီ ဆက်သွယ်ညှိနှိုင်းရေးမှူး ဦးမြင့်အောင်က ပြောပါတယ်။

ရှစ်လေးလုံးအရေးအခင်းအတွင်း ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားလူငယ်တွေကို အောက်မေ့ သတိရတဲ့အနေနဲ့ နှစ်ပတ်လည်နေ့တွေကို ရန်ကုန်၊ မန္တလေးအပါအ၀င် မြန်မာနိုင်ငံ မြို့နယ်အနှံ့မှာသာမက ပြည်ပနိုင်ငံတွေမှာလည်း ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေက နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

မန္တလေးမြို့မှာတော့ ၃၁ လမ်းနဲ့ ၈၄ လမ်းထောင်မှာရှိတဲ့ ဓမ္မပါလ ဘုန်းကြီးကျောင်းမှာ ကျင်းပမယ်လို့ ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ အထက် ဗမာပြည်က ဦးသက်တင်က ပြေပါတယ်။

ပြီးခဲ့တဲ့ ၂၅ နှစ်ပြည့် ငွေရတုပွဲကိုတော့ ရန်ကုန်မှာ ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း အကြီးကျယ်ဆုံး ရှစ်လေးလုံးအခမ်းအနားအဖြစ် ကျင်းပနိုင်ခဲ့ပြီး အချက် ၃ ချက်ပါ ကြေညာ စာတန်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီထဲမှာ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်ပိုင်ခွင့်ရှိပြီး တန်းတူ ညီမျှမှုရှိတဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒါမှမဟုတ် အသစ် ပြန်လည်ရေးဆွဲဖို့နဲ့ ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသားအင်အာစုအားလုံးပါဝင်တဲ့ ညီလာခံတရပ်ကို ကျင်းပနိုင်ဖို့တွေ ပါရှိပါတယ်။

ရှစ်လေးလုံး ငွေရတု ကြေညာချက် ၃ ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့အပါအ၀င် လူမှုအဖွဲ့အစည်း (၂၂) ဖွဲ့က ကိုယ်စားလှယ် ၃၅ ဦးနဲ့ ၈၈ ငွေရတု ကြေညာစာတမ်း ဖော်ဆောင်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး ဆောင်းပါးတွေ ရေးသားတဲ့ ဒေါက်တာ ရန်မျိုးသိန်းကတော့ ရှစ် လေးလုံးငွေရတု ကြေညာစာတန်းနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းချက်တွေရှိနေတယ်လို့ ဝေဖန် သုံးသပ်ထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013