DVB Logo
Home
မြန်မာသတင်း
Bi မွန်းတည့်နေဂျာနယ် သတင်းသမားများကို ပုဒ်မပြောင်း အမှုဖွင့်
DVB
·
August 4, 2014
Bi မွန်းတည့်နေဂျာနယ် သတင်းသမားများကို ပုဒ်မပြောင်း အမှုဖွင့်
1 / 10
Donate to DVB

နိုင်ငံရေးပုဒ်မလို့ လူသိများတဲ့ ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ တရားစွဲခံထားရတဲ့ Bi မွန်းတည့်နေဂျာနယ်က သတင်းသမားတွေကိုဒီကနေ့ရုံးချိန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းလဲပြီး အမှုဖွင့်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (MDCF) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြလို့ Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဇူလိုင်လမှာ ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ထားတာပါ။

ရန်ကုန်တိုင်း ပန်းဘဲတန်းတရားရုံးမှာ ဒီကနေ့ရုံးထုတ်ရာကနေ ပုဒ်မပြောင်းလဲလိုက်တာဖြစ်ပြီး အမှုတွဲ ၇ ဦးထဲက အယ်ဒီတာ ဦးရဲမင်းအောင်ကို အမှုကနေ တရားရှင်လွှတ်ပေးလိုက်တယ်လို့ ရှေ့နေ ဦးရောဘတ်စနေ်းအောင်က ပြောပါတယ်။

ဒီ ၇ ဦးအမှုတွဲမှာပါတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ (MDCF) က ဦးနောင်နောင်ကိုတော့ အမှုတွဲကနေ ခွဲထုတ်လာပြီး ကျောက်တံတားမြိုနယ်တရားရုံးမှာ MDCF အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်နဲ့ အမှုတွဲခဲ့တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒါကြောင့် ဘိုင်မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၂ ဦး၊ သတင်းထောက် ၁ ဦးနဲ့၊ ထုတ်ဝေသူ ၂ ဦး စုစုပေါင်း ၅ ဦးကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဆက်လက်တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

MDCF ခေါင်းဆောင် ဦးထင်ကျော်ဟာ ရန်ကုန်တိုင်း မြို့နယ် ၁၂ မြို့နယ်မှာ အလားတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ အမှုတခုချင်းဆီအတွက် ရင်ဆိုင်နေရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးထင်ကျော်အမှုကိုလည်း လိုက်နေတဲ့ ဦးရောဘတ်စန်းအောင်က ဥပဒေအရာမှာ အညီအမျှ ဖြစ်စေရမယ်ဆိုတဲ့ ကုသလမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ မညီဘူးလို့ ထောက်ပြပါတယ်။

Bi မွန်းတည့်နေဂျာနယ် အမှုတွဲနဲ့ ဦးထင်ကျော် အမှုတွဲကို လိုက်ပါနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

 

Bi မွန်းတည့်နေဂျာနယ်သတင်းသမားများနှင့် ဦးထင်ကျော်တို့ကို ရုံးထုတ်စဉ်

z1 copy z2 copy z3 copy z4 copy z5 copy z6 copy z7 copy z8 copy z9 copy z10 copy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013