DVB Logo
Home
မြန်မာသတင်း
လှည်းကူးက ကျေးရွာ ၅ ရွာ ရေကြီးပြီး အိမ်ခြေ ၁၀၀၀ နီးပါး ရေမြုပ်
DVB
·
August 3, 2014
လှည်းကူးက ကျေးရွာ ၅ ရွာ ရေကြီးပြီး အိမ်ခြေ ၁၀၀၀ နီးပါး ရေမြုပ်
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ကျေးရွာ ၅ ရွာရှိ အိမ်ခြေ ၁၀၀၀ လောက် ရေနစ်မြုပ်နေတယ်လို့ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိမ်းက ပြောပါတယ်။

မိုးများတာနဲ့ ငမိုးရိပ်ချောင်းနဲ့ ပဲခူးမြစ်တို့ ရေထရက် ဖြစ်တာကြောင့် အပေါ်ရေကတိုး အောက်ရေကတိုးဖြစ်ပြီး ရေကြီးနေတာဖြစ်ပါတယ်။ ရေနစ်မြုပ်နေတဲ့ ရွာတွေအကြောင်း ဦးဖြိုးမင်းသိန်း ပြောပြတာက အခုလို ပြောပါတယ်။

Hlae Kuu Flooding 03082014“ရေကျော်တို့ မလစ်တို့ စစ်ပင်မြောက်တို့ အဲဒီဖက်မှာ ရွာ ၅ ရွာလောက် ရေကြီးနေတယ်။ ငွေနံ့သာတို့ ဆင်ဖုံတို့ဘက်တွေမှာလည်း ရေရှိနေတယ်။ နေနစ်မြုပ်နေတဲ့ အိမ်ခြေ ၁၀၀၀ လောက်ရှိတယ်။ လူနဲ့ပြောရင်တော့ ၃၀၀၀ လောက်ရှိတာပေါ့။ ဒီလိုမိုးရွာအချိန်နဲ့ ရေထ တဲ့အချိန်မှာ ပေါင်လည်၊ ခါး လောက်အထိရှိတယ်။ အဲဒီလို နေရာတွေ ရှိတယ်။”

အရင်နှစ်တွေက လှည်းကူးမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွေလည်း ရေကြီးတတ်ပြီး ဒီနှစ်ကတော့ ရွာတွေဘက်ပဲ ရေကြီးတာ၊ လယ်တွေလည်း ရေမြုပ်နေတယ်လို့ ပြောပါတယ်။

လှည်းကူးက ကျေးရွာ ၅ ခုမှာ ရေကြီးနေတာ ၁၀ ရက်လောက် ရှိသွားပြီဖြစ်ပြီး ရေ လုံးဝ ကျသွားတာမျိုး မရှိဘဲ နည်းနည်းတက်တာနဲ့ များများတက်တဲ့ အခြေအနေပဲ ရှိနေတာပါ။

သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းက ရေကြီးနေတဲ့ ရွာတွေကို ထောက်ပံ့ကူညီတာမျိုး မတွေ့ရသေးဘူးလို့လည်း သိရပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်တို့မှာ ရေကြီးဖို့ အလားအလာရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ ရေကြီးနိုင်တဲ့ နေရာတွေ ဧရာဝတီတိုင်းက ပုသိမ်၊ ဟင်္သာတ၊ မအူပင် အဲဒီ ၃ မြို့နယ်တွေ့ပါတယ်။ နောက်တခါ ပဲခူးတိုင်းက ပဲခူးနဲ့ သာယာဝတီ၊ ရန်ကုန်တိုင်းကတော့ ရန်ကုန်ပြန်ပါတယ်၊ မင်္ဂလာဒုံ ပေါ့။ နောက် ကရင်ပြည်နယ်က သထုံ ပါတယ်။ နောက် ရခိုင်ပြည်နယ် ပါလာတယ်။ ရခိုင်ပြည်နယ်က ကျောက်ဖြူ ၊ အဲဒါလေးက နည်းနည်းစိုးရိမ်ဖို့ ကောင်းတယ်။ အဲဒီ ဧရိယာတွေ အကုန်လုံးမှာ ရေကြီးဖို့ ရှိနေတယ်လို့ နာဆာရဲ့ တိုင်းတာချက်က အဲဒီလို ပေးထားပါတယ်ခင်ဗျ။”

မိုးများတာကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်တာလို့လည်း ပြောပါတယ်။

မိုးလေ၀သဌာနက ထုတ်ပြန်ထားတဲ့ သတင်းအရ သြဂုတ် ၂ရက်မှာ ရခိုင်ပြည်နယ်၊ ဂွမြို့မှာ မိုးရေချိန် ၁၀ လက်မကျော်၊ ပူတာအိုမှာ ၇ လက်မကျော်၊ ပုသိမ်မြို့မှာ ၇ လက်မလောက် ရွားသွန်းခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013