DVB Logo
Home
မြန်မာသတင်း
မန္တလေးပဋိပက္ခ လူထောင်ချီဖမ်းထားလို့ အစိုးရသတင်းထုတ်
DVB
·
August 3, 2014
မန္တလေးပဋိပက္ခ လူထောင်ချီဖမ်းထားလို့ အစိုးရသတင်းထုတ်
Donate to DVB

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ ရက်အထိ အမှုပေါင်း ၅၀၀ ကျော်နဲ့ လူပေါင်း ၁၅၀၀ လောက်ကို အရေးယူထားတယ်လို့ အစိုးရက တရားဝင်သတင်း ထုတ်ပြန်လိုက်ပါတယ်။

ထောင်နဲ့ချီ ဖမ်းထားတဲ့လူတွေအများစုဟာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မလိုက်နာလို့ အဖမ်းခံထားရတဲ့ လူတွေဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

[caption id="attachment_59693" align="alignright" width="300"]မန္တလေးတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့က ရဲများ လုံခြုံရေးယူနေစဉ် မန္တလေးတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့က ရဲများ လုံခြုံရေးယူနေစဉ်[/caption]အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ လူသတ်မှု ၂ မှုနဲ့ပတ်သက်ပြီး ဖမ်းထားတာ ၁၄ ဦးရှိပြီး ၈ ဦး ထွက်ပြေးနေတယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ရှေ့နေဦးသိန်းသိန်းဦးက လူသတ်မှု တရားခံတွေ ရှာဖွေဖော်ထုတ်ဖို့ အခက်တွေ့နေတာက လူသတ်မှုဖြစ်ပွားတဲ့အချိန်တွေမှာ မီးပျက်နေတာကြောင့်ဖြစ်ပြီး လူသတ်မှု ၂ ခုစလုံးကို တဖွဲ့ထဲက လုပ်သွားတာလို့ ပြောပါတယ်။
“ဒီလူသတ်မှု ၂ ခုလုံးကို ၁ ဖွဲ့ထဲက လုပ်တာလို့ ကော်မတီက ယူဆတယ်။ နောက် ဖြစ်စဉ်မှာ အားနည်းချက်ရှိတာက အဲဒီ လူသတ်မှု အဓိကရုန်း ဖြစ်တဲ့အချိန်မှာ မီးတွေက ပြတ်နေတယ်။ အဲဒီအခါကျတော့ မျက်မြင်သက်သေရဖို့ အင်မတန် အခက်အခဲ ရှိတယ်။ ဥပမာ ကိုစိုးမင်း အသတ်ခံရတဲ့ အချိန်ပေါ့ဗျာ အဲဒီနားက တကယ့်မြို့လယ်ခေါင် နေရာမှာ ဖြစ်ပေမယ့် အဲဒီနေရာမှာ ဖြစ်တဲ့အချိန်မှာ မီးတွေက ဖျက်တာလား ပြတ်တာလား မသိဘူးပေါ့နော်။ တော်တော်တိုက်ဆိုင်တယ်ပေါ့နော်။ အုပ်စုလိုက် ၀င်ရောက်ရမ်းကားတဲ့အချိန်မှာ မီးတွေက ပြတ်နေပြီ။”

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူသတ်မှု၊ မီးရှို့မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှု၊ လီဆယ်တိုင်တန်းမှု၊ အဆောက်အဦတွေဖျက်စီးမှု စတဲ့ အမှုပါင်း ၁၉ မှု အတွက် ၅၆ ဦးကို ဖမ်းဆီးထားပြီး ၃၆ ဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ အစိုးရသတင်းက ဖော်ပြပါတယ်။

မန္တလေးကရှေ့နေ ဦးသိန်းသန်းဦးကတော့ အခုအချိန်ထိ အဓိက လက်သည်တရားခံတွေ ဖမ်းဆီးထားတာ မရှိသေးဘူးလို့ ပြောပါတယ်။
“လူတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ကိုထွန်းထွန်းရဲ့ ဈာပနကို လိုက်ပို့ကြတယ်။ အဲဒီမှာ တချို့က စာနာစိတ်နဲ့ ရိုးရိုးသားသား ၀မ်းနည်းကြေကွဲပြီးတော့ လိုက်ပို့တဲ့လူလည်း ပါပါတယ်။ ဒါပေမယ့် ထိပ်ကနေပြီးတော့ အဲဒါကို အခွင့်ကောင်းယူပြီး လှုံ့ဆော်ဖို့အတွက် ဖေ့ဘုတ်တွေမှာ စာရွက်တွေ ဖြန့်တာ နာမည်အမျိုးမျိုးနဲ့ ကြော်ငြာခဲ့တာ၊ တရားဝင် စပီကာနဲ့ လှုံ့ဆော်ပြီး ပြောသွားတဲ့လူတွေ၊ အဖွဲ့အစည်းတွေ ဒီလူတွေကို ဖမ်းတာ ကျနော်တို့ မတွေ့ပါဘူး။ အခု ဖမ်းထားတဲ့သူတွေက ခုန ကျနော်ပြောတဲ့ ကြာနီကန်မှာ သင်္ချိုင်းဝင်ဖျက်တဲ့ ကလေးတွေပေါ့။ ဒါက ရုပ်သေးရုပ်လေးတွေပဲ နောက်က ကြိုးကိုင်တဲ့ ဆရာကြီးမပါပါဘူး။ အကုန်မြင်နေရပါတယ်ဗျာ။ လှုံ့ဆော်တဲ့သူတွေ ဓာတ်ပုံတွေ အထောက်အထား အပြည့်အစုံနဲ့ တုတ်၊ ဓားတွေ ကိုင်ထားတယ်။ ဒါများက တကယ်လို့ ကျန်တဲ့ ပြည်သူလူထုဖက် အဖွဲ့အစည်းတခုရဲ့ ချီတက်ပွဲ ဒါမှမဟုတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ချီတက်ပွဲဆိုရင် သေချာပေါက် ၅၀၅ (ခ)တို့ ၅ (ည) တို့ အကုန်ဖြစ်မှာပါ။ ဒါမျိုးအရေးယူတာ လုံးဝ မရှိပါဘူး။”


ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လီဆယ်တိုင်တန်းမှု ကြောင့်ဖြစ်ရတာလို့ အစိုးရက သတင်းထုတ်ပြန်ထားပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013