DVB Logo
Home
မြန်မာသတင်း
ကိစ္စတခုကို လူ ၅ သန်း လက်မှတ်ရေးထိုးတောင်းဆိုတာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ဟု ဒေါ်စု ပြော
DVB
·
August 2, 2014
ကိစ္စတခုကို လူ ၅ သန်း လက်မှတ်ရေးထိုးတောင်းဆိုတာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ဟု ဒေါ်စု ပြော
Donate to DVB

ကိစ္စတခုကို လူငါးသန်းလက်မှတ်ရေးထိုးတောင်းဆိုတာဟာ မြန်မာ့သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

DASSK 436 01082014ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ထံမှ ဆန္ဒပြုလက်မှတ် ၅ သန်းလောက် ရရှိခဲ့ပြီး အခုလိုမျိုးကိစ္စတခုကို လူ ၅ သန်းလောက်က ပွင့်ပွင့်လင်းလင်း လက်မှတ်ရေးထိုးတောင်းဆိုဟာ မြန်မာနိုင်ငံရဲ့ သမိုင်တစ်လျှေက်မှာပ ပထမဆုံးးအကြိမ်ဖြစ်တယ်လို့ သြဂုတ်လ ၁ ရက်နေ့လွှတ်တော်အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောကြားလိုက်တာပါ။

“ကျမ ရဲရဲဝံ့ဝံ့ပြောနိုင်တာက ဒီနိုင်ငံရဲ့ သမိုင်းမှာ ဒီလို လူ ၅ သန်းကျော်က ကိစ္စတခုကို လက်မှတ်ထိုးပြီးတော့ မိမိတို့ဆန္ဒအရ လျှို့ဝှက်မဟုတ်ပဲ ပွင့်ပွင့်လင်းလင်း လက်မှတ်ထိုးပြီး ထောက်ခံခဲ့တယ်ဆိုတာ တခေါက်မှ မရှိခဲ့ဖူးဘူး။ ဒါဟာ ဒီနိုင်ငံမှာ ပထမဦးဆုံးပဲ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေစိ စိတ်ဝင်စားနေတဲ့ ပုဒ်မ ၄၃၆ ကမ်ပိန်းကိစ္စနဲ့ ပီအာရ်ကိစ္စတွေနဲ့ပတ်သတ်ပြီး အဖွဲ့ချုပ်အတွင်း CEC အစည်းအဝေးများ ပြုလုပ်ပြီး သတင်းစာရှင်းလင်းပွဲ တွေပြု လုပ်သွား မယ်လို့လည်း သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောကြားသွားပါတယ်။
“၄၃၆ ကမ်ပိန်းလက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ အဲဒီကိစ္စ အကြောင်းကိုပဲ ပြောရမှာရှိသေးတယ်။ နောက်တခါမှာ ပီအာကိစ္စ ပြည်သူတွေက စိတ်ဝင်စားနေတာရှိတယ်။ အဲဒါကို တဆင့်တဆင့် ပြီးမှ သွားပါ့မယ်။ အန်တီလည်း ပြန်ပြီး စီအီးစီနဲ့ ထိုင်ရဦးမယ်။”

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးတောင်းဆိုသူ အရေအတွက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုတုန်းက ရရှိခဲ့တဲ့ထောက်ခံမဲရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ် အဲ့လိုမျိုးနှိုင်းယှဉ်ချင်ရင်အဲ့တုန်းကလုပ်ခဲ့တဲ့ဆန္ဒခံယူပွဲပုံစံမျိုးလုပ်ပေးဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013