DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး စီမံချက်ချလုပ်နေဟု သမ္မတပြော
DVB
·
August 2, 2014
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး စီမံချက်ချလုပ်နေဟု သမ္မတပြော
Donate to DVB

သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ဖို့ ဇူလိုင်လ အတွင်းမှာ စီမံချက်တခုရေးဆွဲ လုပ်ဆောင်နေပြီလို့ သြဂုတ်လ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား လိုက်ပါတယ်။

“ဇူလိုင်အတွင်းမှာ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တရပ်ကို သက်ဆိုင်ရာ အရပ်ဖက်လူ့အဖွဲ့အစည်းများ အစိုးရ အဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပါဝင်ကူညီနေကြတဲ့ အဖွဲ့အစည်းများဆီက အကြံအဥာဏ်များ ရယူပြီး ရေးဆွဲခဲ့ပါတယ်။ ဒီစီမံချက်ကို အနစ်တကျ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ ယခုလိုစီမံချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ရခိုင်ပြည်နယ်အတွင်းများရှိတဲ့ ပြည်သူများရဲ့ ဘ၀များ ကောင်းမွန်တိုးတက်လာစေမယ်လို့ ယုံကြည်ပါတယ်။”

u thein seinရခိုင်ပြည်နယ်၊စစ်တွေမြို့ မြို့မိမြို့ဘတဦးဖြစ်တဲ့ ဦးဦးသာပွင့်က အစိုးရရဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေကို အခုလို ပြောပါတယ်။

“ကျနော်သိသလောက်ပြောရင် ပြန်လည်နေရာချတားရေးမှာ ၂ ပိုင်း ပါတာပေါ့ဗျာ။ ယာယီ နေရာချထားရေးက ရှိပြီပေါ့။ ဒုက္ခသည် စခန်းတွေရှိပြီ။ နောက်တခါ အမြဲတမ်း နေရာချထားရေး အဲဒါ တချက် နောက်တခါ နိုင်ငံခြားစိစစ်ရေး၊ နောက်တခါ ဖွံ့ဖြိုးတိုးတက်ရေး၊ နောက်ဆုံးတချက်ကတော့ သဟဇတဖြစ်ခြင်းပေါ့။ အဲဒီလို ခေါင်းစဉ်ကြီးတွေ ၄၊ ၅ ချက်လောက်ပါတယ်။”

ရခိုင်ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစောကလည်း စီမံချက်ချလုပ်နေတာ သူသိသလောက် ခုလို ပြောပြပါတယ်။

“အဲဒီ ၀န်ကြီး ချုပ်အသစ် ဦးမောင်မောင်အုန်းတတ်ပြီးတော့ သူတို့ စီမံချက် ၆ ချက်ကို ရှင်းပြတယ်။ ရှင်းပြပြီးတော့ လောလောဆယ် ဦးစိုးသိန်း တို့ဘာတို့ ကိုယ်တိုင် ဆင်းပြီးတော့ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးကို လုပ်နေတယ်လို့တော့ ပြောတာပါ။ နောက်တခု ထူးခြားတာက အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေကို ခေါ်ပြီးတော့ သူတို့ ပြန်အလုပ်လုပ်ဖို့အတွက် နည်းနည်းလမ်းကြောင်းပေးတယ်။ ဒါပေမယ့် ၁ လ ၂ လအတွင်းမှာ သိသာ ထင်ရှားတဲ့ Focus တွေတော့ မတွေ့ရသေးဘူးခင်ဗျ။”

ပြည်နယ်အဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင် ဦးသန်းထွန်းကတော့ စီမံချက်ဆွဲထားတာ သိပေမယ့် သက်ဆိုင်ရာက ပြည်သူတွေကို ချမပြသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ဒုက္ခသည် ၁ သိန်းခွဲလောက် အခုအချိန်ထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတုန်းဖြစ်ပါတ ယ်။တလောက ထွက်ပေါ်လာတဲ့ ကုလအဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေအရလည်း ရခိုင်ပြည်နယ်ဟာ ချင်းပြည်နယ်ကိုကျော်ပြီး ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်နယ်ဖြစ်နေပါတယ်။

သမ္မတရဲ့ ဒီလမိန့်ခွန်းထဲမှာ ရခိုင်အရေးအပြင် မန္တလေးပဋိပက္ခမှာ လှုံ့ဆော်ဖန်တီးခဲ့သူတွေကို အရေးယူနေပြီဖြစ်တဲ့အကြောင်း၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်ဇာညီလာခံနဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ပုံတွေ ထည့်သွင်းပြောကြားခဲ့ပါတယ်။

သူ့အစိုးရသက်တမ်း ၃ နှစ်ကျော် ကာလအတွင်း ဒီမိုကရေစီစံနှုန်းတွေနဲ့ တိုင်းတာကြည့်ရင် အကောင်းဆုံးအခြေအနေကို မရောက်သေးဘူးလို့လည်း သမ္မတက ပြောခဲ့ပါတယ်။

လတ်တလော သမ္မတနဲ့ မီဒီယာအကြား ဆက်ဆံရေးတင်းမာမှုတွေနဲ့ ပတ်သက်လို့တော့ သမ္မတက ထည့်သွင်းပြောကြားခဲ့တာ မတွေ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013