DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယား အမျိုးသမီး ပေါ့ဂီတအဖွဲ့ မြန်မာပရိတ်သတ်နှင့် တွေ့ဆုံ
DVB
·
August 2, 2014
တောင်ကိုရီးယား အမျိုးသမီး ပေါ့ဂီတအဖွဲ့ မြန်မာပရိတ်သတ်နှင့် တွေ့ဆုံ
Donate to DVB

မြန်မာပြည်မှာ ရောက်နေတဲ့ တောင်ကိုရီးယား အမျိုးသမီး ပေါ့ဂီတ အဖွဲ့ 2NE1 ကေပေါ့ပ် အဖွဲ့ဟာ သြဂုတ်လ ၁ ရက်နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

K Pop ပြည်သူ့ရင်ပြင်မှာ မိတ်ဆက်တဲ့ အခမ်းအနားမှာ ပရိသတ် ၄၀၀ ၀န်းကျင်က စုရုံးအားပေးခဲ့ကြပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေး ပွင့်လင်းလာတဲ့အချိန်ကစလို့ နိုင်ငံတကာ ဂီတအဖွဲ့တွေ အတော်များများ ဖျော်ဖြေခဲ့ပြီး 2NE1 အဖွဲ့ကတော့ မြန်မာပြည်ကို ရောက်လာတဲ့ ဒုတိယမြောက် ကိုရီးယား တေးဂီတ အဖွဲ့ ဖြစ်ပါတယ်။

2NE1 အဖွဲ့ ခေါင်းဆောင် Park Bom က မြန်မာပြည်မှာ လာရောက်ဖျော်ဖြေခွင့်ရတဲ့အတွက် မြန်မာပြည်အကြောင်းကို သိခွင့်ရတာ အရမ်းကောင်းတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တခြား အဖွဲ့ဝင်တွေကလည်း စနေနေ့ပွဲမှာ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံဖို့ စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲကို လာတဲ့ ပရိသတ်တွေကလည်း ကိုရီးယား အဆိုတော်တွေကို လူကိုယ်တိုင် မြင်ရလို့ ၀မ်းသာနေကြပါတယ်။

မြန်မာအမျိုးသမီး ပရိသတ်တဦးက “ပျော်တာပေါ့ အခုအရမ်းပြောတယ်။ ဟစ်ဟော့ကလည်း အရမ်းတွင်ကျယ်နေပြီလေ။ မြန်မာပြည်သားတွေရဲ့ အသည်းစွဲတွေကို တွေ့ရတာ အရမ်းကျေနပ်ပါတယ်”လို့ ပြောပါတယ်။

2NE1အဖွဲ့ရဲ့ ဂီတပွဲကို သြဂုတ်လ ၂ ရက်နေ့ ရန်ကုန် ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ လက်မှတ်တစောင် အနည်းဆုံး ကျပ်ငွေ နှစ်သောင်းခွဲကနေ ကိုးသိန်းအထိ ရှိတယ်လို့ သိရပါတယ်။

2NE1 အဖွဲ့ဟာ အာရှခရီးစဉ်အတွင်း မြန်မာအပါအ၀င် ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာလည်း ဖျော်ဖြေဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013