DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်ရေး လိုငွေပြမှု စိုးရိမ်စရာမရှိဟု စီးပွားရေး အကြံပေးအရာရှိပြော
DVB
·
August 2, 2014
 ကုန်သွယ်ရေး လိုငွေပြမှု စိုးရိမ်စရာမရှိဟု စီးပွားရေး အကြံပေးအရာရှိပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုက ယခု ဘဏ္ဍာရေးနှစ်ရဲ့ ဧပြီ၊ မေနဲ့ဇွန် ၃ လကာလမှာ ကုန်သွယ်မှုလိုငွေ ၁ ဒသမ ၃ ဘီလီယံ ရှိနေပေမယ့် ဒါဟာ ရင်းနှီးကုန်စည်တွေကို အများဆုံး တင်သွင်းထားတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် စိုးရိမ်စရာမရှိဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။

To match Insight MYANMAR-BANKS/မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုပမာဏက ယခု ဘဏ္ဍာရေးနှစ်ရဲ့ ဧပြီ၊ မေနဲ့ ဇွန် ၃ လတာကာလမှာ ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၂ ဘီလီယံကျော် ရှိပြီး သွင်းကုန်ပမာဏက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၈ ဘီလီယံကျော် ရှိလို့ ကုန်သွယ်မှု လိုငွေက ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရှိနေပါတယ်။
ဒါကြောင့် ကုန်သွယ်ရေးမှာ လိုငွေပြနေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် စိုးရိမ်စရာ ရှိပါသလားဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ဒီဗွီဘီကို အခုလို သုံးသပ်ပြောပါတယ်။
“ပရော့ဂျက်တွေ အများကြီးကို ဖိတ်ခေါ်တယ်။ FDI တွေကို ဖိတ်ခေါ်တယ်။ အခုတင် သွင်းနေတယ်ဆိုတာလည်း နောင်အခါအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်တာပဲ။ ဒီလုပ်ငန်းတွေ မရှိလို့ မရဘူး ဒါတွေက အခုအချိန်မှာ တင်ကို တင်သွင်းရမှာ။ ပြောချင်တာက ကုန်သွယ်ပမဏာမကြီးက ကြီးလာတယ်။ လူတွေက စိုးရိမ်တာက သွင်းကုန်က နည်းနည်းများနေတယ် ဖြစ်မလားဆိုပြီး အဲဒါက ပြဿ နာ မရှိဘူး။”

မြန်မာနိုင်ငံရဲ့ လက်ရှိ ပို့ကုန်နဲ့ သွင်းကုန်ကုန်စည်တွေကို ကြည့်မယ်ဆိုရင်လည်း သဘာဝဓာတ်ငွေ့အပါအ၀င် ကျောက်မျက်နဲ့ လယ်ယာထွက်ကုန်တွေက အများဆုံး တင်ပို့ထား ရှိပြီး သွင်းကုန်တွေထဲမှာ ရင်းနှီးကုန်စည်ဖြစ်တဲ့ လုပ်ငန်းသုံးဆိုင်ရာကုန်ပစ္စည်းတွေကို အများဆုံး တင်သွင်းထားတာပါလို့ သူက ဆက်လက်ပြောပါတယ်။

ဒီနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဘောဂဗေဒပညာရှင် ဒေါက်တာမောင်မောင်စိုး ကလည်း ကုန်သွယ်မှုမှာ သွင်းကုန်က များလို့ လိုငွေပြတယ်ဆိုပေမယ့် သွင်းတဲ့ ကုန်ပစ္စည်းအပေါ် မူတည်တဲ့အကြော ပြောပါတယ်။


ဒီပြင် အစိုးရအနေနဲ့ ပို့ကုန်ပမာဏမြှင့်တင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေမှာ ဖြေလျော့ပေးတာတွေ အပါအ၀င် ဥပဒေပိုင်းဆိုင်ရာတွေကိုလည်း ပြင်ဆင်သွားမှာဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံနီးပါးရှိတဲ့အနက် ပို့ကုန်တန်ဖိုးက ၁၂ ဘီလီယံနီးပါးရှိခဲ့ပြီး သွင်းကုန်တန်ဖိုးက ၁၃ ဘီလီယံစွန်းစွန်းရှိခဲ့လို့ ကုန်သွယ်မှုလိုငွေ ၁ ဘီလီယံနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013