DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂထုတ်ပြန်ချက် မြန်မာအစိုးရ တုံ့ပြန်
DVB
·
August 1, 2014
ကုလသမဂ္ဂထုတ်ပြန်ချက် မြန်မာအစိုးရ တုံ့ပြန်
Donate to DVB

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီဟာ ဇူလိုင် ၁၆ ရက်နေ့ကနေစပြီး မြန်မာနိုင်ငံကို ၁၀ ရက်ကြာ လာရောက် လေ့လာခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်အပြီး ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်နေ့စွဲနဲ့ တုံ့ပြန်ခဲ့တာပါ။

Miss Yung Hee Lee 26072014မြန်မာနိုင်ငံမှာ နောက်ကြောင်း ပြန်လှည့်စေနိုင်တဲ့ စိုးရိမ်ဖွယ် လက္ခဏာရပ်တွေကို စိစစ်ဟန့်တားဖို့ လိုတယ်လို့ မစ္စယန်ဟီးလီက သူရဲ့ ပထမဆုံးခရီးစဉ်အပြီးမှာ အစိုးရကို သတိပေးတိုက်တွန်းခဲ့ပါတယ်။

အစိုးရထုတ်ပြန်ချက်မှာ နိုင်ငံတကာအနေနဲ့ ဒီမိုကရေစီ ပြောင်းလဲစ နုနယ်တဲ့နိုင်ငံတခု ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို သဘောပေါက်ဖို့လိုတယ်လို့ တုံ့ပြန်ထားပါတယ်။

မစ္စယန်ဟီးလီက လူမှုအသိုက်အဝန်းနှင့် သတင်းလောကသားတွေရဲ့ လှုပ်ရှားမှုတွေကို မြန်မာအစိုးရက ဟန့်တား အရေးယူဖို့ တရားစီရင်ရေး စနစ်နဲ့ ဥပဒေတွေကို အသုံးပြုနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ထားတာ မရှိကြောင်း တရားဥပဒေချိုးဖောက်သူကို အရေးယူတာသာရှိကြောင်း တုံ့ပြန်ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မစ္စယန်ဟီးလီရဲ့ ပြောဆိုချက်တွေဟာ လွဲမှားနေတာတွေ ရှိနေတယ်လို့ အခုလို ပြောပါတယ်။

“အချက် ၂ ချက်ရှိတာပေါ့။ တချက်က သူပထမဆုံး ခရီးစဉ်ဖြစ်တဲ့အတွက် သူ့အချက်အလက်တွေဟာ ကျနော်တို့ ဒီမှာရတဲ့သတင်းအချက်အလက်တွေထက် အရင်ကိုယ်စားလှယ်တွေက လုပ်ခဲ့တဲ့အချက်အလက်တွေ၊ နောက် ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေကရတဲ့ သတင်းအချက်အလက်တွေကို မူတည်ပြီးပြောတာဖြစ်တဲ့ အတွက်ကြောင့် လွဲမှားတာတွေ ဖြစ်နိုင်တာပေါ့။ ဒုတိယအချက်ကတော့ သူတို့ လာကတည်းကိုက ဘာပြောမယ်ဆိုတဲ့၊ ဘယ်လိုပြောမယ်၊ ဘယ်လိုသုံးသပ်မယ်ဆိုတဲ့ ကြိုတင် ဆုံးဖြတ်ထားချက်တွေကလည်း ပါလာကောင်း ပါလာနိုင်တာပေါ့။ ဒီနှစ်ချက်ကြောင့် လွဲမှားမှုလေးတွေရှိတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

မစ္စယန်ဟီးလီအနေနဲ့ မကြာခဏလာရောက်လည်ပတ်ပြီး သတင်းအချက်အလက်တွေကို စုံအောင် ယူမယ်ဆိုရင် မြန်မာနိုင်ငံအခြေအနေကို ပိုပြီးနားလည်နိုင်မယ်လို့လည်း သူက ပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာစုရုံးခွင့်တွေဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လူ့အသိုက်အဝန်းတရပ် တည်ဆောက်ခြင်းကို ပြည်သူဗဟိုပြု မူဝါဒတရပ်ဖြင့် အားသွန်ခွန်စိုက် အကောင်အထည် ဖော်နေကြောင်းနဲ့ ပြည်သူတွေကလည်း ဒီမိုကရေစီ အခွင့်အရေးတွေ ခံစားကျင့်သုံးနေကြပြီး အတူလက်တွဲပါဝင် ကြိုးပမ်းနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ခေတ်နှင့် မညီသော ဥပဒေများ သုံးသပ် ပြင်ဆင်ရေးနှင့် အမျိုး ဘာသာကာကွယ်ရေး ဥပဒေကြမ်းများ ရုပ်သိမ်းရန် လိုလားကြောင်း ပြောဆိုချက်အပေါ်ကိုတော့ မြန်မာပြည်မှာ ခေတ်မမီတဲ့ ဥပဒေတွေ ပြင်ဆင်တာ၊ အသစ်ရေးဆွဲတာတွေ လုပ်ဆောင်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013