ယူ ၁၂ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် တိုကျိုက မြန်မာကလေးငယ် ၂ ဦး ဂျာမနီကို ထွက်ခွာ

ဂျပန်နိုင်ငံရောက် မြန်မာမိသားစုတွေက မွေးဖွားလာတဲ့ မောင်ကောင်းဇံမြနဲ့ မောင်သက်ရင်မျိုးတို့ဟာ တိုကျို ယူ ၁၂ လက်ရွေးစင်ဘောလုံးအသင်းမှာ ဂိုးသမားတွေအဖြစ် ရွေးချယ်ခံရပြီး ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံတကာ ယူ ၁၂ ဘောလုံးပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ထွက်ခွာသွားကြပါပြီ။ တိုကျိုမြို့တော်မှာ ယူ၁၂ လက်ရွေးစင်အသင်းအတွက် ဂျပန်နိုင်ငံတ၀ှမ်းက အသက် ၁၂ နှစ်အောက် လူငယ်အားကစားသမား ၉၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့် ၂၁ ယောက်မှာ မောင်ကောင်းဇံမြနဲ့ မောင်သက်ရင်မျိုးတို့ ရွေးချယ်ခံရတာပါ။ မောင်ကောင်းဇံမြရဲ့ဖခင်ဟာ မြန်မာ့လက်ရွေးစင် ဘော်လီဘော ကစားသမားဟောင်း တဦး ဖြစ်သလို မောင်သက်ရင်မျိုးရဲ့ ဖခင်ဟာလည်း မြန်မာတင်းနစ် ချန်ပီယံဟောင်း တယောက် ဖြစ်ပါတယ်။ နိုင်ငံတကာ ယူ ၁၂ ဘောလုံးပြိုင်ပွဲကို ဂျာမနီနိုင်ငံမြို့တော် ဘာလင်မှာ သြဂုတ် ၁ရက်နေ့က ၁၀ရက်နေ့အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင် [gallery ids="61461,61462,61463,61464"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up