DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာတဦး အကြမ်းဖက် တိုက်ခိုက်ခံရ
DVB
·
August 1, 2014
မလေးရှားတွင် မြန်မာတဦး အကြမ်းဖက် တိုက်ခိုက်ခံရ
Donate to DVB

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူနားက ကပုန်းမြိုနယ်မှာ မြန်မာနိုင်ငံသားတဦး ဇူလိုင် ၃၀ ရက်နေ့ညက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပါတယ်။

[caption id="attachment_61454" align="alignleft" width="300"]ဓာတ်ပုံ -မလေးရှားရောက် မြန်မာနိုင်ငံသားများ ဖေ့ဘုတ် ဆေးရုံလူနာ ကတ်ပြား (ဓာတ်ပုံ -မလေးရှားရောက် မြန်မာနိုင်ငံသားများ ဖေ့ဘုတ်)[/caption]

မြန်မာနိုင်ငံသား ဦးထွန်းအောင်ဆိုသူဟာ အလုပ်ကနေအပြန် ကပုန်းမြို့နယ် တလာအံဘုန်းလမ်းမှာ ဆိုင်ကယ်စီးလူ ၄ ဦးကနေပြီး တိုက်ခိုက်ခဲ့တာလို့ ကပုန်း ၇ ရက်သားသမီး နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“၃၀ ရက်နေ့ည ၁၁ နာရီခွဲလောက် အလုပ်ပြီးတဲ့အချိန်မှာ အိမ်ကို ပြန်တယ်။ အိမ်ကိုအပြန် လမ်းမှာ ပြန်နေစဉ်မှာ လူ ၄ ယောက် ဆိုင်ကယ် ၄ စင်းနဲ့ လိုက်လာတယ်။ သူ့ကိုဝိုင်းတယ်။ သူ့လည်ပင်းကို ဓားနဲ့ခုတ်တယ်။ သူက ရှောင်လိုက်တဲ့အခါမှာ နဖူးခုတ်မိတယ်။ နောက် ၁ ယောက်က ဆိုင်ကယ်မှာ အသင့်ပါလာတဲ့ တုတ်နဲ့ ရိုက်လိုက်လို့ နောက်စိ ထိသွားတယ်။ နောက် နီးစပ်ရာမှာ ရှိတဲ့ နိုင်ငံသားတွေ ပြေးလာတော့ သူတို့ ကြောက်ပြီး ထွက်ပြေးသွားတယ်။”

အကြမ်းဖက်ခံရသူ ဦးထွန်းအောင်ကို ကပုန်းအပိုင်ဆေးရုံကနေတဆင့် စွန်ကုန်းဘလုပ် ဆေးရုံက ဦးနှောက်နဲ့ အာရုံကြောဌာနကို ပို့ဆောင်ကုသရတယ်လို့လည်း ပြောပါတယ်။

ဦးထွန်းအောင်ကို တိုက်ခိုက်ခဲ့ပုံဟာ ဇူလိုင်လဆန်းတုန်းက ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ ဦးမျိုးပိုင် အကြမ်းဖက်ခံရသလိုပဲ ဆိုင်ကယ်စီးသမားတွေက ဓားနဲ့ခုတ်တာဖြစ်ပါတယ်။

အဆိုပါ သေဆုံးခဲ့တဲ့ ဦးမျိုးပိုင်ဟာ မသေဆုံးမီ မနက်က လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကိုတိုနီရဲ့ နာရေးကို သွားရောက်ကူညီပြီး အပြန် ထမင်းထွက်စားရင်း သတ်ခံခဲ့ရတာပါ။

ဇူလိုင်လဆန်းပိုင်းတုန်းကလည်း အသက် ၄၀ အရွယ် ဦးတိုနီနဲ့ ဇူလိုင် ၉ ရက်နေ့က အသက် ၅၀ အရွယ် ဦးမျိုးပိုင်တို့ အသတ်ခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံမှာ ဇူလိုင်လအတွင်း ဦးထွန်းအောင်အပါအ၀င် လူ ၅ ဦအကြမ်းဖက် တိုက် ခိုက်ခံခဲ့ရပြီး ကျန်သူတွေတော့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဦးစန်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မည်သူမည်ဝါ လုပ်တယ်ဆိုတာကို ဖမ်းဆီးစစ်ဆေးအရေးယူဆောင်ရွက်မှုတွေ မရှိဘူလို့လည်း ဦးစန်းဝင်းက ပြောပါတယ်။

“မလေးရှားမှာဖြစ်တဲ့ မှုခင်းတွေ အားလုံးတခါမှ မပေါ်ခဲ့ဘူး။ မနှစ်က အကြမ်းဖက်မှုတွေလည်း မပေါ်ဘူး။ ဒီနှစ်က ကိစ္စတွေလည်း ဘာတခုမှ မပေါ်ဘူး။ ဒီကိစ္စတွေကို ဒီနိုင်ငံအစိုးရ အနေနဲ့ ဖော်ထုတ်ပေးဖို့ကို မြန်မာနိုင်ငံမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက သူတို့အနေနဲ့က အကူအညီ တောင်းသင့်တယ်။ ဒီရာဇ၀တ်မှုတွေ ဖော်ထုတ်မှ ကျနော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက် လုံခြုံမှုဆိုတာ ရှိလာမယ်။ ဒီအတိုင်းမလုပ်ပဲနဲ့ဆိုရင် ရာဇ၀တ်မှုတွေက ထပ်မံပေါ်ပေါက်နေမှာ။”

ဒါကြောင့် အမှုမှန်ပေါ်ပေါက်ဖို့အတွက် မြန်မာအစိုးရနေတဆင့် မလေးရှားအစိုးရကို တိုက်တွန်းပြီး အမှုမှန်ဖော်ထုတ်ဖို့လည်း တောင်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013