ထိုင်းအဲအေးရှား ဘန်ကောက်ခရီးစဉ် ၂၀ ရာခိုင်နှုန်းလျှော့မည်
DVB
·
August 1, 2014
သြဂုတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပမယ့် ကုန်တိုက်ကြီးများရဲ့ အထူး ဈေးရောင်းပွဲတော် ကာလနဲ့ ချိန်ကိုက်ပြီး ဈေးနှုန်းချိုသာတဲ့ ထိုင်းအဲအေးရှား လေကြောင်းလိုင်းဟာ လက်မှတ်ခတွေကို နောက်ထပ် ၂၀ ရာခိုင်နှုန်းလျှော့ချပေးမယ်လို့ လေကြောင်းလိုင်း မြန်မာရုံးက ထုတ်ပြန်ကြေညာပါတယ်။
လက်ရှိ အဲအေးရှား ဈေးချိုလေကြောင်းလိုင်းဟာ ဘန်ကောက် - ရန်ကုန် - ဘန်ကောက်နဲ့ ဘန်ကောက် - မန္တလေး - ဘန်ကောက် ခရီးစဉ်တွေ ပြေးဆွဲနေပြီး တနေ့ ခရီးစဉ် ၃ ခေါက်ပြေးဆွဲနေပါတယ်။
အခုနောက်ပိုင်း မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းလေကြောင်းခရီးစဉ်ထက် ဈေးပိုသက်သာပြီး တည်းခိုနေထိုင်စရိတ်လည်း ပိုသက်သာတဲ့ ထိုင်းနိုင်ငံဘက်ကို အလည်အပတ် သွားရောက်မှုများနေတယ်လို့ ရွှေနိုင်ငံ ခရီးသွားလုပ်ငန်း အေဂျင်စီက ကိုမင်းစိုးလင်းက ဒီဗွီဘီကို ပြောပါတယ်။