DVB Logo
Home
မြန်မာသတင်း
မိုင်းဆတ်ခရိုင်တွင် မူးယစ်ဆေးထုတ် ကုန်ကြမ်းများ ဖမ်းဆီးရမိ
DVB
·
July 31, 2014
မိုင်းဆတ်ခရိုင်တွင် မူးယစ်ဆေးထုတ် ကုန်ကြမ်းများ ဖမ်းဆီးရမိ
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်ထဲမှာ ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးထုတ်လုပ်ရေးပစ္စည်းတွေ ဖမ်းမိပါတယ်။

[caption id="attachment_61415" align="alignleft" width="300"]မူးယစ်ဆေးသိုလှောင်ထားသည့်နေရာ မူးယစ်ဆေးသိုလှောင်ထားသည့်နေရာ[/caption]

မိုင်းဆတ်မြို့နယ် မိုင်းတွမ်းကျေး ရွာအုပ်စု မအို့ကျေးရွာမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သိုလှောင်ထားကြောင်း ကြိုတင်သတင်းရထား ချက်အရ ခရိုင်မူးယစ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဇူလိုင် ၃၀ ရက်နေ့ မနက်က သွားရောက်ဖမ်း ဆီးခဲ့တာလို့ တာချီလိတ်မူးယစ်အထူးရဲတပ်ဖွဲ့ ရဲအုပ် အောင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ဆေးချက်အရ သောက်ရေသန့် စက်ရုံ ဂိုဒေါင်ထဲမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အီသိုင်းအီသာဆေးရည် ဂါလန်ပေါင်း (၉၀၅၅) ဂါလန်၊ လီတာနှုန်းဖြင့် (၄၁၁၆၄.၀၃) လီတာ၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၄၅၂၈.၀၄) သိန်းကို ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအမှုမှာ အဓိက တာဝန်ရှိတဲ့ သောက်ရေသန့်စက်ရုံ ပိုင်ရှင် ဦးစုမ်မွန်း (ခ) စိုင်းစွန်ဝင်းက ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် တရားခံပြေးအဖြစ် မိုင်းတွမ်းနယ်မြေရဲစခန်းကနေ မယ(ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013