DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်ကပေးသည့် ကြိုတင်ငွေ ၄ သိန်း အန်အယ်လ်ဒီအမတ်များ မထုတ်
DVB
·
July 31, 2014
ပြည်သူ့လွှတ်တော်ကပေးသည့် ကြိုတင်ငွေ ၄ သိန်း အန်အယ်လ်ဒီအမတ်များ မထုတ်
Donate to DVB

ပြည်သူ့လွှတ်တော်ရပ်နားချိန် နယ်မြေဆင်းအလုပ်လုပ်ရင်သုံးဖို့ အမတ်တဦးကို ကြိုတင်ငွေ ၄ သိန်းထုတ်ပေးတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီပါတီ) အမတ်တွေအားလုံးက မထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

parlimentဇူလိုင်လ ၃၀ ရက် ရက်စွဲနဲ့ ပြည်သူ့လွှတ်တော်ကထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ လွှတ်တော်အစည်းအဝေးရပ်နားချိန် မဲဆန္ဒနယ်မြေအသီးသီးသို့ လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ငွေကြေးသုံးစွဲခွင့်ပြုခြင်း ဆိုပြီး အမတ်တဦး ငွေ ၄ သိန်းထုတ်ယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဥတ္တရသီရိမြို့နယ်ပြည်သူ့ လွှတ်တော်အမတ် ဦးမင်းသူက ဥပဒေပြဋ္ဌာန်းထားတာ မရှိသေးလို့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ကြိုတင်ငွေ မထုတ်ဘူးလို့ ပြောပါတယ်။

“လွှတ်တော်ရဲ့ ရန်ပုံငွေကို ပေးသော်ငြားလည်း ဒီရဲ့ငွေတွေအပေါ်မှာ စာရင်းစစ်ရဲ့ စာရင်းစစ်ခြင်း ခံရမယ်။ မသုံးတဲ့ငွေတွေကို ပြန်ပေးအပ်ရမယ်။ ဒါမျိုး စည်းကမ်းချက်တွေ ညွှန်ကြားချက်တွေ ပါပါပတယ်။ လောလောဆယ် ဒီလို ပေးတဲ့ဟာက ဥပဒေ ပြဋ္ဌာန်းချက်မရှိတဲ့အတွက် ကျနော်တို့ အဖွဲ့ချုပ်က လက်ခံခြင်း မရှိပါဘူး။ ပြီးတော့ ဥပဒေအတည်ပြုပြီးမှသာ တစုံတရာအနေအထား အဖြစ် လက်ခံမယ်။ အခုဟာက ယူလိုက ယူနိုင်တယ်၊ မယူလိုက မယူနိုင်ဘူးဆိုတဲ့ သဘောမျိုးတွေလည်း ထုတ်ပြန်ထားတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကလွဲလို့ လွှတ်တော်ကိုယ်စားလှယ် တော်တော်များတော့ ထုတ်ယူသွားပါတယ်။”

ပြည်သူ့လွှတ်တော်ကထုတ်တဲ့ အမိန့်ကြော်ငြာစာမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေအခန်း (၃)၊ ပုဒ်မ (၆၊ ၇၊ ၈၊ ၉၊ ၁၀) ပြဋ္ဌာန်းချက်များနဲ့အညီ ကြိုတင်ငွေ ၄သိန်း ထုတ်ယူခွင့်ပြုတယ်လို့ ဆိုပါတယ်။

သီပေါအမတ် ဦးရဲထွန်းက ဥပဒေမရှိသေးပေမယ့် နယ်မြေဆင်းတဲ့အခါ သုံးဖို့လိုလို့ ကြိုတင်ငွေထုတ်တယ်လို့ ပြောပါတယ်။

“ဥပဒေတော့ မရှိသေးဘူး။ မနေ့ကတည်းက ဒါတွေကို သုံးဖို့အတွက် အသုံးစရိတ်ဘယ်လို တင်ရမယ်ဆိုတာတော့ ထုတ်ပြန်ထားတာတော့ ရှိတယ်။ ကျနော်တို့က ဒေသမှာ လွှတ်တော်ကိစ္စတွေကို စာရင်းအင်းနဲ့ပေါ့ဗျာ။ ဥပမာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စစ်ဆေးတာ၊ ပြန်ကြည့်တာ ဒါမှမဟုတ် လွှတ်တော် အတွေ့အကြုံတွေကို ရှင်းလင်းတဲ့အခါ အသုံးလိုတယ်ဆိုပြီး ကျနော်တို့တွေ ထုတ်ကြပါတယ်။ အန်အယ်လ်ဒီကတော့ မထုတ်ဘူးလို့တော့ ကြားတယ်။”

အခုလို လွှတ်တော်အမတ်တွေ နယ်မြေဆင်းရင်သုံးဖို့ ကြိုတင်ငွေထုတ်ပေးတာ လွှတ်တော်သက်တမ်း ၃ နှစ်ကျော်အတွင်း ဒါ ပထမဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကပဲ ထုတ်ပေးတာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဘက်ကအမတ်တွေကို အလားတူကြိုတင်ငွေ ထုတ်ပေးတာမျိုး မကြားသိရသေးပေ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013