DVB Logo
Home
မြန်မာသတင်း
လက်နက်များနှင့် ဖမ်းမိသည့် တရုတ်နိုင်ငံသားများကို ထောင် ၁၃ နှစ်ချမှတ်
DVB
·
July 31, 2014
လက်နက်များနှင့် ဖမ်းမိသည့် တရုတ်နိုင်ငံသားများကို ထောင် ၁၃ နှစ်ချမှတ်
1 / 2
Donate to DVB

မြန်မာနိုင်ငံထဲမှာ လက်နက်တွေနဲ့ ဖမ်းဆီးမိထားတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို ထောင်ဒဏ် ၁၃ နှစ်ကနေ ၁၀ နှစ်ထိ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ကြေညာပါတယ်။

[caption id="attachment_61405" align="alignright" width="300"]ဖမ်းဆီးရရှိသော လက်နက်များ ဖမ်းဆီးရရှိသော လက်နက်များ [/caption]လက်နက်မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု အပါအ၀င် စွဲချုက်တွေနဲ့ တရားစွဲခံထားရတဲ့ တရုတ်နိုင်ငံသားတွေထဲက ၇ ဦးကို ထောင်ဒဏ် ၁၃ နှစ်စီနဲ့ ၁ ဦးကိုတော့ ထောင်ဒဏ် ၁၀ နှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မုံရွာ ခရိုင်တရားရုံးက နေအမိန့်ချမှတ်လိုက်တာလို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ဦးဝင်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီအမှု စစ်ဆေးချက်တွေနဲ့ တရားခံတွေရဲ့ အပြန်အလှန် ထွက်ဆိုချက်တွေကိုတော့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ဒီတရုတ်နိုင်ငံသား ၈ ဦးဟာ ဧပြီလ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့မှာ လက်နက်ငယ် ၈ လက်၊ ကျည်ဆန် ၁၈၀၀ ကျော်၊ လက်ပစ်ဗုံး ၃၁ လုံး၊ စကားပြောစက်အပါအ၀င် ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

တမူးမြို့အဝင် ၃ မိုင် စစ်ဆေးရေးဂိတ်ကို ကလေးမြို့ဘက်ကလာတဲ့ တိုယိုတာ Double Cap ကားတစ်စီး မီးထိုးမောင်းနှင်လာစဉ် လုံခြုံရေးအဖွဲ့က စစ်ဆေး တားဆီးရာမှာ ရပ်မပေးဘဲ မောင်းပြေးခဲ့လို့ လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရတာလည်းဖြစ်ပါတယ်။

China2ဖမ်းဆီးတဲ့ တရုတ်လူမျိုး ၈ ဦးကတော့ စီချွန်ပြည်နယ်နေ ကျန်းကျိန် အသက် ၁၇ နှစ်၊ ကျန်းယိန် ၁၇ နှစ်၊ ရန်ရှော်ဟုန် ၁၉ နှစ်၊ ကွမ်စီပြည်နယ်နေ ဖန်းစင်းချိန် ၂၁ နှစ်၊ ဟိုပေပြည်နယ်နေ လျှိုလျန် ၂၁ နှစ်၊ ကွေကျိုးပြည်နယ်နေ လျှိုယယ်ချန်း ၁၉ နှစ်၊ အန်းဝှီးပြည်နယ်နေ ဟန်လုလု ၂၅ နှစ်နဲ့ လီထယ် ၂၂ နှစ်တို့ ဖြစ်ကြပါတယ်။

ဒီအထဲက ကားမောင်းသူ ဟန်လုလုကို စစ်ဆေးမေးမြန်းရာမှာ သူတို့အဖွဲ့ဟာ ကိုးကန့်နယ်မြေ တန့်ယန်းအထက် ဖက်ရှိ မိုင်းကြက်ရွာမှာ စစ်သင်တန်း တက်ရောက် နေရာက တပ်စုမှူး ဝူကြာဖူ ကို သတ်ပြီး စခန်းမှာ သော့တန်းလန်းနဲ့တွေ့တဲ့ ကားတစ်စီးကို တက်မောင်းယူလာတာလို့ ပြောတဲ့ အကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013