DVB Logo
Home
မြန်မာသတင်း
အန်စီစီတီနှင့်အမ်ပီစီ မြစ်ကြီးနားတွင် အလွတ်သဘော တွေ့မည်
DVB
·
July 31, 2014
အန်စီစီတီနှင့်အမ်ပီစီ မြစ်ကြီးနားတွင် အလွတ်သဘော တွေ့မည်
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတို့ မြစ်ကြီးနားမှာ လာမယ့် သြဂုတ် ၃ ရက်နေ့မှာ အလွတ်သဘောတွေ့ဆုံမယ်လို့ အန်စီစီတီ အကြံပေး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဒီဗွီဘီကိုပြောပါတယ်။

[caption id="attachment_61355" align="alignright" width="300"]ဇူလိုင်လ ၃၁ ရက်နေ့ လိုင်ဇာမြို့ရှိ အန်စီစီတီ ဆွေးနွေးပွဲ ဇူလိုင်လ ၃၁ ရက်နေ့ လိုင်ဇာမြို့ရှိ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ဆွေးနွေးပွဲ[/caption]

“အလွတ်သဘော ရင်းရင်းနှီးနှီး တွေ့ဆုံတဲ့သဘောပါ။ အန်စီစီတီနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) တို့ ရှေ့ဆက်ပြီး တွေ့မယ့် အချိန်နေရာ စသည်ဖြင့် ညှိနှိုင်းဖို့ပါ။”

မြန်မာငြိမ်းချမ်းရေး စင်တာ (အမ်ပီစီ) က ဒေါက်တာ မင်းဇော်ဦးကတော့ မြစ်ကြီးနားဆွေးနွေးပွဲကို ရက်အတိအကျ မသတ်မှတ်နိုင်သေးပေမယ့် ဒီတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဘက်အကြား ညှိနှိုင်းဖို့ ကျန်နေတဲ့အချက် ၃၁ ချက်ကို ဘယ်လို ညှိနှိုင်း ဆောင်ရွက်နိုင်မလဲ ဆိုတာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင်တွေ လာမယ့် သြဂုတ် ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံမယ်လို့ သတင်းထွက်ပေါ်နေမှုအပေါ် ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းကတော့ အကြမ်းဖျင်းတွေ့ဆုံဖို့ စီစဉ်ထားပြီး အန်စီစီတီ ဘက်က လိုင်ဇာမှ ဆွေးနွေးခဲ့တဲ့ အချက် ၁၀ ချက်ကို တင်ပြသွားမယ်လို့လည်း ဒီဗွီဘီကို ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013