DVB Logo
Home
Lead Story
လယ်ယာသုံးစက်ပစ္စည်း လယ်သမားများကို အရစ်ကျ ပြန်ရောင်းပေးရန် တင်ပြ
DVB
·
July 31, 2014
လယ်ယာသုံးစက်ပစ္စည်း လယ်သမားများကို အရစ်ကျ ပြန်ရောင်းပေးရန် တင်ပြ
Donate to DVB

အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ လယ်ယာသုံး စက်ပစ္စည်းကိရိယာတွေကို အကြွေးစနစ်နဲ့ တောင်ကိုရီးယားနိုင်ငံက ၀ယ်ယူပြီး လယ်သမားတွေကို အရစ်ကျစနစ်နဲ့ ပြန်ရောင်းပေးမယ့် အစီအစဉ် ခွင့်ပြုပါလို့ သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြည်ထောင်စုလွှတ်တော်ဆီ တင်ပြပါတယ်။

Machineဇူလိုင် ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက ခုလို တင်ပြခဲ့တာ ဖြစ်ပြီး လွှတ်တော်ရဲ့ သဘောထားကိုတော့ မသိရသေးပါဘူး။

ကိုရီးယားနိုင်ငံက ပစ္စည်းပေး ချေးငွေစနစ်ဟာ ဆိုင်းငံ့ကာလ ၁ နှစ် အပါအ၀င် စုစုပေါင်း ၆ နှစ်သက်တမ်းအတွက် အတိုး ၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ချေးငွေကို ဆိုင်းငံ့ ၁ နှစ်လွန်တာနဲ့ ၁၅ ရာခိုင်နှုန်း ပြန်ဆပ်ရမှာ ဖြစ်ပြီး ကျန်ငွေပမာဏကို ၆ လ ၁ ကြိမ် ၁ ရစ် ၈ ဒသာမ ၅ ရာခိုင်နှုန်း ပြန်ပေးရမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ တရုတ်နိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို အတိုးကြီးကြီးနဲ့ ရယူပြီး သမ၀ါယမအသင်းတွေကနေ တဆင့် ငွေပြန်ချေးနေတဲ့ စီမံကိန်းအတွက် ပြည်ထောင်စုလွှတ်တော်အမတ်တချို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013