DVB Logo
Home
မှုခင်း/မူးယစ်ဆေး
မှောင်ခိုဖမ်း ပညာပေးကာလ ၁၅ ရက် ထပ်တိုး
DVB
·
July 31, 2014
မှောင်ခိုဖမ်း ပညာပေးကာလ ၁၅ ရက် ထပ်တိုး
Donate to DVB

mobile team copyလာမယ့် သြဂုတ် ၁ ရက်နေ့ရောက်တာနဲ့ တရားမ၀င် အကောက်အခွန်မဲ့ မှောင်ခို တင်သွင်းလာတဲ့ကုန်တွေ မိရင် လူကိုပါ ဖမ်းဆီးထောင်ချနိုင်တဲ့ သွင်းကုန်၊ ထုတ်ကုန်ဥပဒေနဲ့ အရေးယူမယ်လို့ ကြေညာခဲ့ပေမယ့် ပညာပေးကာလအဖြစ် နောက်ထပ် ၁၅ ရက် ထပ်တိုးမြှင့်ပေးလိုက်တယ်လို့ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီကနေ့ ကြေညာပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၅ ခု၊ ရန်ကုန်လေဆိပ်၊ ရှမ်းပြည်နယ် ကျိုင်းတုံနဲ့ တာချီလိတ်ဒေသမှာ မိုဘိုင်းတင်းမ်အဖွဲ့တွေက တရားမ၀င် မှောင်ခိုကုန်ပစ္စည်းတွေကို ဖမ်းဆီး အရေးယူနေပြီး လက်ရှိအချိန်ထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပါတယ်။

ရန်ကုန်ဆိပ်ကမ်းမှာတော့ ပြည်ပက ရောက်လာတဲ့ ကွန်တိန်နာတွေကို ကံစမ်းရွေး ဖောက်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အခွန်ဆောင်မထားတဲ့၊ အခွန်ဆောင် ကုန်ပစ္စည်းနဲ့ ကွဲလွဲနေတာတွေကို ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013