DVB Logo
Home
Lead Story
ကားတင်သွင်းမှုနှင့် သက်ဆိုင်သည့် အများပိုင်ကုမ္ပဏီ တည်ထောင်မည်
DVB
·
July 31, 2014
ကားတင်သွင်းမှုနှင့် သက်ဆိုင်သည့် အများပိုင်ကုမ္ပဏီ တည်ထောင်မည်
Donate to DVB

[caption id="attachment_61360" align="alignright" width="300"]ဓာတ်ပုံ - ထွန်းထွန်းသိန်း ဓာတ်ပုံ - ထွန်းထွန်းသိန်း[/caption]ကားတင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ အများပိုင် ကုမ္ပဏီတခု တည်ထောင်သွားမှာဖြစ်ပြီး ကားထားဖို့နေရာ အခက်အခဲရှိနေတဲ့ ပြဿ နာဖြေရှင်းတာ အပြင် အခြား လုပ်ငန်းတွေကိုလည်း လုပ်ကိုင်သွားဖို့ ရှိတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဒီအများပိုင် ကုမ္ပဏီဟာ ကနဦးအနေနဲ့ ဆိပ်ကမ်းနဲ့ နီးတဲ့ နေရာတခုခုမှာ ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို ယာယီထားနိုင်မယ့် Bonded Wearhouse တခု တည်ထောင်သွားမယ်လို့ ရှင်းပြပါတယ်။

လက်ရှိ ပြည်ပ ကားတင်သွင်းနေသူတွေအနေနဲ့ ရန်ကုန်ဆိပ်ကမ်းရောက်ပြီး ကားတွေကို အကောက်ခွန်က နှစ်လ ထက်ကျော်ပြီး လက်မခံခြင်း၊ လက်ရှိ လှိုင်သာယာ ကားအရောင်းအ၀ယ် ကွင်းကလည်း သြဂုတ်လ ၁ ရက်နေ့ကစ ကားညအိပ်ထားတာ လက်မခံခြင်း စတဲ့ ပြဿ နာတွေကြုံနေရတယ်လို့ ကားရောင်းဝယ်သူတွေက ပြောပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013