DVB Logo
Home
မြန်မာသတင်း
အမေရိကန်နှင့်ဗြိတန်သံအမတ် ရခိုင် ရပ်မိရပ်ဖ၊ နိုင်ငံရေးပါတီဝင်များကို တွေ့ဆုံ
DVB
·
July 30, 2014
အမေရိကန်နှင့်ဗြိတန်သံအမတ်  ရခိုင် ရပ်မိရပ်ဖ၊ နိုင်ငံရေးပါတီဝင်များကို တွေ့ဆုံ
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးတို့ ၂ ဦးဟာ ရခိုင်ဒေသခံတွေ၊ ရပ်မိရပ်ဖ နဲ့ တကွ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး ရခိုင်ပြည်နယ် ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

[caption id="attachment_61319" align="alignright" width="300"]ဗြိတန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်[/caption]

သံအမတ်ကြီးတွေဖြစ်တဲ့ ဒဲရစ်မစ်ချယ် နဲ့ အန်ဒရူး တို့ဟာ ဇူလိုင် ၂၇ ရက်နေ့ကနေ ၂၈ နေ့အထိ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဦးစိုးသိန်းတို့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ အတူ လိုက်ပါခဲ့ကြပြီး ရခိုင်ဒေသခံ၊ မြို့မိမြို့ဖ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
သံအမတ်ကြီး ၂ ဦးဟာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်အစိုးရရုံးမှာ ၀န်ကြီးတွေနဲ့အတူ စစ်တွေဒေသခံတွေနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ရပ်မိရပ်ဖ ၅ ဦးနဲ့ စစ်တွေ ဟိုတယ်မှာ သီးသန့်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သံအမတ် ၂ ဦးဟာ ရခိုင်ပြည်နယ်က နိုင်ငံသားဖြစ်ရေးကိစ္စတွေမှာ လူမျိုးအမည် နာမကို အဓိကမထားဘဲ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုအနေနဲ့ ဆောင်ရွက်ဖို့၊ မတူညီတဲ့ လူမျိုးတွေကြား သဟဇာတဖြစ်အောင် နေထိုင်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့သူ ဦးသာပွင့်က ပြောပါတယ်။

“သူကတော့ လူ့အခွင့်အရေးတို့ဘာတို့နဲ့ လာတာပေါ့ဗျာ။ အခြေခံ လူ့အခွင့်အရေးကို ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် All are human being, All human being are equal ဆိုတဲ့ဟာက ကမ္ဘာ့ကြီးတခုလုံးဟာ အစိုးရတခုတည်း လက်အောက်မှာ ရှိနေတဲ့ အချိန်ရောက်မှသာ ခင်ဗျားပြောတဲ့ အစိုးရ ဖြစ်နိုင်မယ်။ မဟုတ်ရင်တော့ လက်တွေ့အားဖြင့် မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ ပြောလိုက်တယ်။”

ဒဲရစ်မစ်ချယ်က ရိုဟင်ဂျာလူမျိုးတွေမှာ ဘင်္ဂါလီလို့ ခံယူလိုက်ရင် နိုင်ငံခြားလို့ သတ်မှတ်ခံရပြီး ပြည်နှင်ခံရမယ့်အရေး စိုးရိမ်နေကြလို့ မြန်မာပြည်ထဲက လူမျိုးတမျိုး အနေနဲ့ လက်ခံဖို့ ပြောဆိုခဲ့ပြီး သူတို့ဘက်ကတော့ ဘယ်လူမျိုးမဆို နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ကိုက်ညီရင် နိုင်ငံသားဖြစ်မယ့်အကြောင်းနဲ့ မွေးရာပါနိုင်ငံသားဖြစ်မှု အကြောင်းတွေ ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

၂၈ ရက်နေ့ ညနေပိုင်း ရခိုင်အမျိုးသားပါတီက ဗဟိုကော်မတီဝင်တွေနဲ့ ပါတီဌာနချုပ်မှာ သွားရောက်တွေ့ဆုံစဉ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက ပြောပါတယ်။

“အမ်အက်စ်အက်ဖ်အနေနဲ့ အရင်တုန်းက လုပ်တဲ့ပုံစံမဟုတ်ပဲနဲ့ ပွင့်ပွင့်လင်းလင်း ဖြစ်အောင် ရခိုင်လူမျိုးတွေရဲ့ ခံစားနေရတဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ စရိုက်တွေ အပေါ်မှာ နားလည်မှုပေးပြီး လုပ်နိုင်ဖို့တော့ အရေးကြီးလိမ့်မယ်လို့ ကျနော်တို့က ဆွေးနွေးတယ်။”

အမေရိကန်သံအမတ်ကြီးကလည်း ပြည်နယ်ထဲ ၀င်ရောက်လုပ်ကိုင်မယ့် အမ်အက်စ်အက်ဖ် အဖွဲ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေ စောင့်ကြည့်မယ်လို့ ပြောဆိုခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

အမ်အက်စ်အက်ဖ် လက်အောက်ခံ ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးတဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ၀င်ရောက်လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ နစ်က ဒေသခံတချို့နဲ့ အထင်အမြင်လွဲမှားမှုတွေဖြစ်ကာ ပြန်လည်ထွက်ခွာသွားခဲ့ရပါတယ်။

ဒီအတောအတွင်း အဖွဲ့အစည်းနဲ့ အစိုးရကြား ညှိနှိုင်းမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ ပြန်ပြီးဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်အစိုးရက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ပြန်လည် ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါပေမယ့် စစ်တွေအခြေစိုက် ရခိုင်လူမှုကွန်ရက်အဖွဲ့ကတော့ အမ်အက်စ်အက်ဖ်ပေါ် ထားရှိတဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောထား ပြောင်းလဲမှုမရှိပါကြောင်းနဲ့ ရခိုင်ပြည်မှာ MSF-Holland ခေါ် AZG အဖွဲ့ကို အလိုမရှိကြောင်း ဇူလိုင် ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013