DVB Logo
Home
မြန်မာသတင်း
တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်
DVB
·
July 30, 2014
တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်
Donate to DVB

စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က တရားမ၀င်မှောင်ခိုပစ္စည်းတွေ သွင်းရင် ထောင်ဒဏ်ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင် အရေးယူတော့မှာ ဖြစ်ပါတယ်။

Mobile-TeamMobile Team အဖွဲ့က တတိယအဆင့်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေက တရားမ၀င်ကုန်စည် စစ်ဆေးတာတွေကို ဇူလိုင်ကစလို့ လ တလလုံး ပညာပေးကာလအနေနဲ့ စတင်ခဲ့တာပါ။

ပညာပေးကာလ အတွင်းမှာတော့ တရားမ၀င်ကုန်ပစ္စည်းတွေ ဖမ်းမိပါက အရေးယူဆောင်ရွက်တာမျိုးမလုပ်ပဲ အခွန်ဆောင်ခိုင်းတာ၊ ဒဏ်ရိုက်တာလောက်ပဲ လုပ်ဆောင်ရာကနေ သြဂုတ်လကနေစပြီး ထောင်ဒဏ်ပါချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင်အရေးယူတော့မယ်လို့ Mobile Team အဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

“ဒီသတ်မှတ်ချက်အတိုင်းသွားရင်တော့ လက်ရှိ ၁ ရက် ၈ လ မှာ အရေးယူ ကာလ စတင်ပေးရမှာပါ။ အရေးယူကာလမှာ လက်ရှိ ပညာပေးကာလမှာ ဆောင်ရွက်နေတဲ့ အကောက်အခွန်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ပင်လယ်ကြောင်း အကောက်အခွန်ဥပဒေအပြင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်အတည်ပြုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပဲ လွှဲပြီး အရေးယူရမှာပါ။ ဖြစ်စဉ်ရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး ယူသင့် မယူသင့်ကို ဒီအဖွဲ့တွေက ဆုံးဖြတ်သွားမှာပါ။ အားလုံးကို ဒါကြီးနဲ့ ယူမယ်လို့လည်း မဟုတ်ပါဘူး။ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ ကာယကံရှင်တွေ မနစ်နာအောင်လည်း ကျနော်တို့ဘက်က ပြင်ဆင်ပြီး လုပ်ပေးမှာပါ။”

ပို့ကုန်သွင်းကုန်ဥပဒေနဲ့သာ အရေးယူခံရမယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ အချခံရနိုင်ပြီး ငွေဒဏ်တွေလည်း ချမှတ်ခံရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ပညာပေးကာလ တလအတွင်းမှာပဲ ထီးတန်း အေးရှားဝေါ ဆိပ်ကမ်းတွေမှာ ထူးခြားဖြစ်စဉ် ၃၁ ခုထိ တွေ့ရှိခဲ့ရပြီး တရားမ၀င် သယ်ဆောင်လာတဲ့ စက်ပစ္စည်းတွေ နဲ့ ဘေထုတ်တွေ ထောင်ချီ ပါဝင်တာတွေ့ရှိခဲ့ရပါတယ်။

ဆိပ်ကမ်းတွေမှာ တလအတွင်း တွေ့ရှိရတဲ့ ထူးခြားဖြစ်စဉ်တွေကိုလည်း ဦးတင်ရဲဝင်းက က ခုလိုပြောပြပါတယ်။

“ကွန်တိန်နာ ၁ လုံးထဲမှာ စက်ပစ္စည်း ဆိုပါတော့။ တွင်ခုံလို စက်ပစ္စည်း။ ၁ လုံးဆိုပြီး ဖော်ပြထားတယ်။ မြေပြင်မှာ စစ်လိုက်တဲ့အခါမှာ ၂ လုံးဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ၁ လုံးဆိုတာ မျိုးကလည်း ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ စက်ကြီးတွေ။ ဒီလိုဟာမျိုးတွေလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကွန်တိန်နာ ၇ လုံးနဲ့ ဂျပန်နိုင်ငံက ပို့လိုက်တဲ့ brand new လို့ လိုင်စင်ထဲမှာ ဖော်ပြထားတယ်။ မြေပြင်မှာ စစ်လိုက်တော့ ဘေထုတ်တွေ ဖြစ်နေတယ်။ စုစုပေါင်း ဘေထုတ် ၁၁၇၂ ထုတ်လောက်မှာ အထည်မျိုးစုံ ၃ သိန်း ၃ သောင်း လောက်ပါနေတာ တွေ့ရတယ်။ ဒါမျိုးတွေက ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး တရားမ၀င်ကုန်သွယ်နေတဲ့ နယ်စပ်လမ်းကြောင်းတွေမှာ ရွေ့လျား စစ်ဆေးရေးအဖွဲ့ Mobile Team တွေဖွဲ့ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Mobile Team အနေနဲ့ စတင်ဖွဲ့ စည်းခဲ့တဲ့ အချိန်ကနေ ခုထိ တရားမ၀င် ကုန်စည်ဖမ်းဆီးမှုကနေ ၂၀ ဘီလီယံနီးပါး ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013