DVB Logo
Home
မြန်မာသတင်း
ပြန်ကြားရေးနှင့် ကျန်းမာရေးဝန်ကြီး ၂ ဦးကို နုတ်ထွက်ခွင့်ပြု၊ အစားထိုးခန့်ရန် အမည်စာရင်းပို့
DVB
·
July 30, 2014
ပြန်ကြားရေးနှင့် ကျန်းမာရေးဝန်ကြီး ၂ ဦးကို နုတ်ထွက်ခွင့်ပြု၊ အစားထိုးခန့်ရန် အမည်စာရင်းပို့
Donate to DVB

သမ္မတဦးသိန်းစိန်က အရင် စစ်အစိုးရလက်ထက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးလုပ်ခဲ့ဖူးတဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ကို ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။

[caption id="attachment_61312" align="alignright" width="300"]ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် [/caption]ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်တို့ကို သူတို့ရဲ့ သဘောဆန္ဒအရ ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သမ္မတရုံးက ဇူလိုင် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သမ္မတဦးသိန်းစိန်က မီဒီယာသမားတွေအပေါ် သဘောထားတင်းမာနေချိန်မှာ ပြန်ကြားရေးဝန်ကြီးကို အခုလို အနားပေးလိုက်တာဟာ သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတို့ မီဒီယာအပေါ်ထားတဲ့ သဘောထားမတူလို့ ဖြစ်နိုင်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးမြင့်ကျော်က ပြောပါတယ်။

“သူက ပြီးခဲ့တဲ့ ကောင်စီနဲ့ တွေ့ခဲ့တဲ့အချိန်မှာတော့ လတ်တလော ဖြစ်နေတဲ့ဟာတွေမှာ မီဒီယာအပေါ်မှာ အပြစ်တင်တဲ့ ဟာမျိုးတွေ သိပ်မရှိဘူး။ မီဒီယာမှာ ပရော်ဖက်ရှင်နယ် အားနည်းတယ်ဆိုတာလောက်တော့ ရှိပါတယ်။ သို့ပေမယ့်လည်း ကျင့်ဝတ်ဖောက်ဖျက်လို့ အပြစ်ပေး အရေးယူရတာပဲဆိုတဲ့ ကာကွယ်ပြောဆိုတဲ့ဟာမျိုး သိပ်မတွေ့ရဘူး။ သူကတော့ အောက်ခြေအဆင့်တရားရုံးတွေ သူတို့တွေက ရဲရဲတင်းတင်းမဆုံးဖြတ်ရဲလို့ဆိုတဲ့ သဘောမျိုးတွေပေါ့။ အဲဒါက တခြားသူတွေနဲ့ မတူတဲ့ အမြင်ပေါ့။ သမ္မတရုံးက တောက်လျှောက် ပြောနေတာ မီဒီယာ အကြမ်းဖက်မှု လှုံ့ဆော်တဲ့ဟာတွေတောင် ရှိတယ်။ မီဒီယာက တာဝန်မဲ့တယ်၊ တာဝန်ယူမှုမရှိဘူး။ အဲဒီလိုဟာတွေကြောင့် ဒီလို ဥပဒေနဲ့အညီ အရေးယူရတာပါ ဆိုတဲ့ဟာမျိုးက သမ္မတရုံးက တုံ့ပြန်တဲ့ သ၀ဏ်လွှာတွေမှာရော တောက်လျှောက်တွေ့နေရတယ်။ အဲဒီလို အမြင်မျိုးတွေ ကွဲနေတာ တွေ့တယ်။”

အခု အနားပေးခံလိုက်ရတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီး ဖြစ်လာတဲ့ အရပ်သားဆရာဝန်တဦး ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က ကျန်းမာရေးကဏ္ဍ တိုးတက်ဖို့ အားလုံး ၀ိုင်းလုပ်မှရမယ်လို့ သဘောထားမှတ်ချက်ပေးပါတယ်။

“အခြေခံကျတာက ဆေးကုသခြင်းသည် ကျန်းမာရေးရဲ့ သေးငယ်သော အပိုင်းဖြစ်တယ်ဆိုတာ ကို နိုင်ငံခေါင်းဆောင်တွေကရော လူထုကရော နားလည်ဖို့ လိုပါတယ်။ တကယ် ကျန်းမာချင်ရင် ကိုယ့်ကျန်းမာရေးကိုယ် ပျိုးထောင်ဖို့အတွက် လုပ်ရမယ့် လူထုရဲ့ လုပ်ငန်းတွေ အများကြီး ရှိသလို အစိုးရရဲ့ လုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ ကျန်းမာရေးလို့ ပြောနေတာ အများစုသည် ကျန်းမာရေးဝန်ကြီးဌာနတခုထဲနဲ့ ကိုင်တွယ်ဆောင်ရွက်ရေး လုံးဝ လုံးဝ မရနိုင်ဘူးဆိုတာကို နားလည်ထားမယ်ဆိုရင်တော့ ကျန်းမာရေးဟာ အစိုးရအဖွဲ့ တဖွဲ့လုံးက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမယ့် ကိစ္စလို့ သဘောပေါက်လို့ရှိရင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ အများကြီး ရှိတယ်။ အဲဒီတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်ဆိုရင် ဒါမှမဟုတ်ရင် တာဝန်ယူရမယ့် အခြားသော ဗဟိုအဆင့် အစိုးရနဲ့ တိုင်းဒေသကြီး အစိုးရတွေနဲ့ အတူ လူထုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်စွမ်းရှိမှသာလျှင် ကျန်းမာရေး တိုးတက်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ မကောင်းတဲ့အပေါ်မှာ ကျန်းမာရေး ၀န်ကြီး ၁ ယောက် ဒါမှမဟုတ်ရင် ကျန်းမာရေးဌာန တခုတည်းကို ပုံချခြင်းအားဖြင့် သဘာဝလည်း မကျဘူး။ အဓိပ္ပါယ်လည်း မရှိဘူး။”

ရာထူးက အနားပေးလိုက်တဲ့ ပြန်ကြားရေးနဲ့ ကျန်းမာရေးဝန်ကြီး ၂ ဦး နေရာမှာ ခန့်အပ်ဖို့အတွက် ပြည်ထောင်စုဒုဝန်ကြီးတွေဖြစ်တဲ့ ဦးရဲထွဋ်နဲ့ ဒေါက်တာသန်းအောင်တို့ကို ခန့်အပ်လိုကြောင်း သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ သ၀ဏ်လွှာ ပေးပို့ထားပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း အခုလို ပြည်ထောင်စုဝန်ကြီးတွေကို ဆန္ဒအရ နုတ်ထွက်ခွင့်ပြုခဲ့တာ တာဝန်မှ အနားပေးခဲ့တာတွေ ရှိခဲ့ဖူးပြီး ပြုပြင်ပြောင်းလဲရေး မလုပ်လိုသူတွေကို ချန်ထားခဲ့မယ်လို့ သမ္မတက ထုတ်ဖော်ပြောဆိုထားတာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013