DVB Logo
Home
နိုင်ငံရေး
အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ၈၈ တိုက်တွန်း
DVB
·
July 30, 2014
အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ၈၈ တိုက်တွန်း
Donate to DVB

88studentတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲအစည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။
ကချင်ပြည်နယ် လိုင်ဇာမှာကျင်းပနေတဲ့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ပေးပို့တဲ့ သဘောထား အကြံပြုစာမှာ  တိုက်တွန်းထားတာပါ။
စာချုပ်တွေချုပ်ဆိုရာမှာ နှစ်ဦးနှစ်ဖက်သဘောတူတဲ့ ပြည်တွင်းပြည်ပ ယုံကြည်လက်ခံတဲ့  သက်သေတွေရှေ့မှာက်မှာ ချုပ်ဆိုဖို့၊ နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအရ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံးပါဝင်အောင်ကြိုးပမ်းဖို့၊   ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးမှာ ပြည်သူတွေ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မယ့်  အခြေအနေ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့ပြင် ပင်လုံ စိတ်ဓာတ်ကို အခြေခံတဲ့ ပြည်ထောင်စုညီလာခံကြီး ပေါ်ပေါ်က်ရေးဝိုင်းဝန်းကြိုးပမ်းဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်လာတဲ့အတွက် လွှတ်တော်အတွင်း လွှတ်တော်ပြင်ပ ဆက်စပ်ဆောင်ရွက်သွားရမယ်လို့လည်း အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013