A d v e r t i s e m e n t With Us

ဆက်သွယ်ရေးက တိုင်းပြည်စီးပွားရေးကို တွန်းတင်သွားလိမ့်မယ်- ဦးလွင်နိုင်ဦး

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာအောင်ထားတဲ့ အော်ရီဒူးကုမ္ပဏီက တယ်လီဖုန်း ဆင်းကတ်တခုကို ကျပ်ငွေ ၁၅၀၀ နဲ့ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ စမ်းသပ်ရောင်းချ လိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးသမိုင်းမှာ ကဏ္ဍသစ်တခုကို စတင်ဖွင့်လှစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်က အစိုးရက တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ သိန်းလေးဆယ်နဲ့ ရောင်းတာကြောင့် အိပ်မက်သာမက်ခဲ့ရတဲ့ မြန်မာတွေ အားလုံး အမှန်တကယ် ဖုန်းသုံးနိုင်တော့မှာဖြစ်ပါတယ်။ မကြာခင်မှာ နော်ဝေ တယ်လီနောကုမ္ပဏီနဲ့ မြန်မာ့ဆက်သွယ်ရေးတို့ကလည်း အပြိုင်အဆိုင် ဈေးကွက်မှာ တယ်လီဖုန်းနဲ့ အင်တာနက် ၀န်ဆောင်မှု ပေးကြတော့မှာပါ။ အစိုးရက တယ်လီဖုန်းဆင်းကတ် ကျပ်ငွေ ၅ သိန်းနဲ့ ရောင်းစဉ် ၂၀၁၂ ခုနှစ်ဆန်းပိုင်းမှာ ဆင်းကတ်တခု (ငါးထောင်ကျပ်) နဲ့ ရောင်းမယ်လို့ ကြေညာခဲ့တဲ့ ရွှေပြည်တံခွန်ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးကို ဒီဖြစ်ထွန်းမှုတွေနဲ့ပတ်သက်လို့ မေးမြန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up