Homeကျန်းမာရေးစီးကရက္ဘူးခြံမ်ားတြင္ ဆေးလိပ်ကြောင့်ဖြစ်သည့် ရောဂါ ဓာတ်ပုံများ ဖော်ပြတော့မည်

သိပ်မကြာခင် ပြည်တွင်းက ထုတ်လုပ်ပြီး ဈေးကွက်တင်ဖြန့်ဖြူးတဲ့ စီးကရက်ဘူးခွံတွေမှာ စီးကရက်သောက်သုံးမှုကြောင့် ဖြစ်ရတဲ့ ရောဂါဓာတ်ပုံတွေကို ရိုက်နှိပ် ဖော်ပြသွားဖို့ အစီအစဉ် ရှိတယ်လို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။
ဇူလိုင် ၂၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး လောလောဆယ် စီးကရက်ဘူးခွံတွေမှာ ဖော်ပြမယ့် ရုပ်ပုံတွေကို စုဆောင်းထားပြီဖြစ်ပြီး စာသားတွေကိုလည်း စိစစ်နေတယ်လို့ သူက ရှင်းပြပါတယ်။
အစိုးရအနေနဲ့ နိုင်ငံခြားက စီးကရက် တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားပြီး တရားမ၀င် မှောင်ခို ၀င်ရောက်လာတာတွေကိုတော့ ဖမ်းဆီးအရေးယူတာပဲ ရှိတယ်လို့ ဒေါက်တာသန်းအောင်က ဆိုပါတယ်။