Home
နိုင်ငံရေး
ပြန်ကြားရေးနှင့် ကျန်းမာရေးဝန်ကြီး ၂ ဦးကို နုတ်ထွက်ခွင့်ပြု
DVB
·
July 30, 2014
ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို သမ္မတ ဦးသိန်းစိန်က ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဆိုက်မှာ ဖော်ပြတဲ့ အမိန့်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ( ၁၇/၂၀၁၄ ) ၁၃ရ၆ ခုနှစ်၊ ၀ါခေါင်လဆန်း (၃) ရက် ( ၂၀၁၄ ဇူလှိုင်လ (၂၉) ရက်) ပြည်ထောင်စုဝန်ကြီးများ ရာထူးမှနုတ်ထွက်ခွင့်ပြုခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂၃၅ အရ ပုဒ်မခွဲ (ခ)နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈ အရ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များဖြင့် အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ၄င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့်ပြုလိုက်သည်။ (၁) ဦးအောင်ကြည် (ပြန်ကြားရေးဝန်ကြီးဌာန)၊ (၂) ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)၊ (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024