DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်း အရေးပေါ်ဖြစ်စဉ် ၁၈၈၀ က ကူညီမည်
DVB
·
July 29, 2014
ရန်ကုန်-မန္တလေး အမြန်လမ်း အရေးပေါ်ဖြစ်စဉ် ၁၈၈၀ က ကူညီမည်
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ အရေးအပေါ်ဖြစ်စဉ်တွေ ရှိလာရင် တဆင့်ခံ ကူညီဆက်သွယ်ပေးဖို့ ၁၈၈၀ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။

220px-YMEW02ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက်မှာ ယဉ်မတော်တဆမှုတွေ၊ ကားစက်ပျက်တာတွေ နဲ့ တခြား ဘယ်လို အရေးပေါ်အဖြစ်ပျက်တွေကို မဆို ၁၈၈၀ ကို ဖုန်းဆက်တာနဲ့ ၅ မိနစ်အတွင်း အရောက်လာပြီး ကူညီပေးသွားမယ့် အစီအစဉ်ကို မနေ့က စတင်ပါတယ်။

၁၈၈၀ ကို ဖုန်းခေါ်ဆိုခ အဖြစ် ၅၀ ကျပ်သာကျသင့်မှာဖြစ်ပြီး ဖုန်းခေါ်ဆိုပြီးနောက်ပိုင် ၁၈၈၀ က ဆက်လက်လုပ်ဆောင်သွားမယ့် ကိစ္စတွေကိုတော့ Blue Ocean Operation Management ကုမ္ပဏီ တာဝန်ရှိသူ ဦးတင်ကိုကိုဝင်းက ခုလို ပြောပြပါတယ်။

“ကား မတော်တဆဖြစ်တယ်၊ မီးလောင်သွားတယ်ဆိုရင် ကျနော်တို့က မီးသတ်ကိုဆက်မယ်၊ ပြီးရင် အရေးပေါ်ဌာနကို ဆက်မယ်၊ ရဲကိုဆက်မယ်၊ ပြီးရင် အမြန်လမ်း ကွပ်ကဲမှုအဖွဲ့ကို ကျနော်တို့ ဆက်သွားမှာပါ။ ဒီအစီအစဉ်မှာ  ခရီးသွားပြည်သူတွေက ကျနော်တို့ကို ပထမဆုံးအကြိမ် ဖုန်းတခါခေါ်ရင် လုံလောက်ပါပြီ။ သူဆက်တာနဲ့ ကျနော်တို့က တာဝန်ကြီးတခုလုံးကို ပခုံးပြောင်းထမ်းလိုက်တာ။ သူ့အလုပ်ကို ကျနော်တို့ ဆက်လုပ်သွားမယ်။ ခုနက ဖုန်းတွေကို ဆက်ခေါ်မယ်။ အနီးစပ်ဆုံး စခန်းကနေပြီး သွားနေပါပြီဆိုပြီး သတင်းစကား ပြန်ရတာနဲ့ စောစောက ဆက်တဲ့ ခရီးသည်ကို ပြန်အကြောင်းကြားပေးပါ့မယ်။”

လမ်းတလျှောက်လုံးမှာ  စခန်းမကြီး ၁၅ ခု၊ ရဲကင်းစခန်း ၄၀ ရှိပြီး လူနာတင်ယဉ် ၁၀ စီး၊ မီသတ်ယဉ် ၁၅ စီးနဲ့ အရေးပေါ်ကိစ္စတွေမှာ နေ့ည ဆောင်ရွက်ပေးသွားမယ်လို့ အမြန်လမ်း ဦးစီးမှူး ရဲမှူး ကျော်မျိုးမြင့်က ပြောပါတယ်။

အမြန်လမ်းတလျှောက် ရဲတပ်ဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေဟာ များတာကြောင့် ၁၈၈၀ ပေါ်လာတာကို ကြိုဆိုတယ်လို့ ရဲမှူး ကျော်မျိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ တရားဝင် Hotline ဖုန်းက အမြန်လမ်းရဲတပ်ဖွဲ့မှာ အလုံး ၇၀ ဖြစ်သွားပြီ။ ဒီအလုံး ၇၀ ကို စောစောကပြောတဲ့ ခရီးသွားပြည်သူတွေ မှတ်မိလွယ်ချင်မှ လွယ်မယ်။ ကျနော်တို့ အရေးပေါ် ဖုန်း ၁၈၈၀ တပ်ဆင်ပေးထားတဲ့အတွက် မည်သူမဆို ဒီ Hotline ဖုန်းကို ခေါင်းထဲမှာ ရပြီးသားဖြစ်လို့ ဘယ်လိုအချိန်မှာမှ ထပ်ပြီး စဉ်းစားစရာမလိုဘဲ အချိန်နဲ့ တပြေးညီ ဆက်သွယ်လိုက်တဲ့အခါမှာ Call Center ကနေပြီး အမြန်လမ်းရဲတပ်ဖွဲကို ချက်ချင်းသတင်း ရောက်လာမှာဖြစ်တယ်။ ဒါကြောင့် အခင်းဖြစ်နေရာကို အမြန်ဆုံး ရောက်ရှိနိုင်တဲ့အပြင် အရေးပေါ် သွေးလွန်ပြီး သေတာတို့၊ အသက်ဆုံးရှုံးမှုဖြစ်တာတို့၊ ဆိုးဆိုးရွားရွားဒဏ်ရာရတာတွေကို အမြန်ဆုံး ကုသပေးနိုင်မှာဖြစ်ပါတယ်။”

၂ဝ၁၃ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ၂၅ဝ ကျော်နဲ့ဒဏ်ရာရရှိသူ ၈ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013