DVB Logo
Home
မြန်မာသတင်း
မဒေးကျွန်းတွင် ပေးထားသည့် ကတိအတိုင်း လျှပ်စစ်မီးမရသေး
DVB
·
July 29, 2014
မဒေးကျွန်းတွင် ပေးထားသည့် ကတိအတိုင်း လျှပ်စစ်မီးမရသေး
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မဒေးကျွန်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကတိပေးပြောကြားထားတဲ့အတိုင်း ၂၄ နာရီ လျှပ်စစ်မီးမရသေးဘူးလို့ ရခိုင်လူမှုကွန်ရက်အဖွဲ့က ပြောပါတယ်။

[caption id="attachment_42778" align="alignright" width="300"]]စီအန်ပီစီ တရုတ်ကုမ္ပဏီကုိ ြပီးခဲ့တဲ့ ဧြပီလက မေဒးကျွန်းေဒသခံများ ဆန္ဒြပခဲ့ြကစဉ် စီအန္ပီစီ တရုတ္ကုပၸဏီကုိ ၿပီးခဲ့တဲ့ ၂၀၁၃ ဧၿပီလက ဒေသခံများ ဆန္ဒခဲ့ကြစဉ်[/caption]

သူတို့ဒေသမှာ သဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကို တင်ပို့ဖို့ ပိုက်လိုင်းသွယ်တန်း ပို့လွှတ်ရေးစီမံကိန်း အကောင်အထည် လာဖော်ပြီး တဲ့နောက် ပြည်သူ များရဲ့ နစ်နာ ချက်တွေ ပြန် လည်ဖြည့်ဆည်းပေး တဲ့အနေနဲ့ အာဏာပိုင်တွေက လျှပ်စစစ်မီး ၂၄ နာရီ အခမဲ့သွယ် တန်းပေး မယ်လို့ ပြောဆို ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေမှာ လျှပ်စစ်မီး တနေ့ကို ၄ နာရီပဲ ရတဲ့အပြင် မီတာဗောက်စ် တခုကိုလည်း အနည်းဆုံး ကျပ် ၁ သိန်းကျော်ကနေ ၂ သိန်းနီးပါးထိ ပေးဝယ်နေရတယ်လို့ ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

မဒေးကျွန်းမှာ လျှပ်စစ်မီးရတာ ၁ လကျော်ရှိပြီဖြစ်ပြီး မီးက ည ၆ နာရီခွဲကနေ ၁၀ နာရီခွဲထိ တရက်ကို ၄ နာရီသာ ရရှိကြောင်း၊ မီတာဗောက်စ် ၀ယ်နိုင်သူမှာလည်း ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် လူများစုမှာ အရင်လို အမှောင်ထဲမှာ နေနေရတုန်းပဲလို့ သူကဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စီအန်ပီစီ China National Petroleum Cooperation ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၊ အစိုးရနဲ့ ဒေသခံကိုယ်စားလှယ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးသင့်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးဆီ တင်ပြထားပြီး ခရိုင်မှူးကလည်း ဆောင်ရွက်ပေးမယ်လို့ ပြောထားကြောင်း၊ ဒါပေမယ့် ၁ လခွဲကြာတဲ့ထိ ဘာမှထူးခြားမှု မရှိသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

ဒါကြောင့် ၂၄ နာရီ မီးလင်းရေး ကိစ္စအပြင် အခြား မြေယာကိစ္စ၊ အလုပ်အကိုင်အခွင့်အရေးကိစ္စတွေပါ ဆောင်ရွက်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ရခိုင် လူမှုကွန်ရက်အဖွဲ့က ပြောပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ရွာသားတွေမှာ စားကျက်မြေဆုံးရှုံးခြင်း၊ ဘိုးဘွားပိုင်မြေ အသိမ်းခံရခြင်း၊ ထရပ်ကားကြီးတွေကြောင့် လမ်းပျက်စီးခြင်း၊ ဒေသခံတို့ အလုပ်အကိုင်ရှားပါးခြင်း၊ ငါးဖမ်းကွက်တွေ ပျေက်ဆုံးခြင်း၊ လျော်ကြေးငွေ အပြည့်မရခြင်း စတဲ့ ပြဿ နာတွေ ရင်ဆိုင်နေရတဲ့အတွက် ဒါတွေ ဖြေရှင်းပေးဖို့ သက်ဆိုင်ရာ ကုမ္ပဏီရော အာဏာပိုင်တွေကိုပါ ဆန္ဒ္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013