A d v e r t i s e m e n t With Us

အမေရိကန်တွင် လေယာဉ်တစီး အရေးပေါ်ဆင်းသက်စဉ် သားအဖ ၂ ဦးကို တိုက်မိ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ဗင်းနစ်ကမ်းခြေမှာ လေယာဉ်တစီး အရေးပေါ် ဆင်းသက်စဉ် ကမ်းခြေမှာ လမ်းလျှောက်နေတဲ့ သားအဖ ၂ ယောက်ကို တိုက်မိတဲ့အတွက် ဖခင် သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာ အပြင်းအထန် ရသွားလို့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။ caspersen-beachလေယာဉ်မောင်းသူ ကတော့ ဗင်းနစ်လေဆိပ် ထိန်းချုပ်ရေးမျှော်စင် က ပြသာနာရှိနေ လို့ ပြေးလမ်းပေါ် ကို ပြန်သွားလို့ မရခဲ့ဘူးလို့ ပြောပါ တယ်။ လေယာဉ်မှူးနဲ့ ခရီးသည်ကတော့ ထိခိုက်မှု မဖြစ်ခဲ့ပါဘူး။ စာရာစိုတာမြို့နယ် ငြိမ်ဝပ်ရေးဌာနရဲ့ ပြောခွင့်ရ ၀င်ဒီရို့စ်ကတော့ “မျှော်စင်ကို သတိပေးချိန်နဲ့ ငြိမ်ဝပ်ပိပြားရေးရုံးနဲ့ ဗင်းနစ်ရဲဌာနကို သတိပေးချိန်ကြားက မိနစ်ပိုင်းလေးပဲ လို့ နားလည်တယ်။  လူတိုင်းက တုံ့ပြန်မယ့် လမ်းကြောင်းပေါ် ရှိနေကြတယ်။ တချိန်တည်းမှာ လေယာဉ်က ဆင်းလာတယ်။ တကယ့် မိနစ်ပိုင်းလေးပဲ” လို့ ပြောပါတယ်။ အမျိုးသား သယ်ယူ ပို့ဆောင်ရေး ဘေးကင်းမှု ဘုတ်အဖွဲ့ဝင်တွေကိုတော့ စုံစမ်း စစ်ဆေးမယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up