DVB Logo
Home
မြန်မာသတင်း
မတ်ပဲဈေးနှုန်း ၁ လအတွင်း ၁ သိန်းနီးပါး ဈေးမြင့်ရရှိ
DVB
·
July 29, 2014
မတ်ပဲဈေးနှုန်း ၁ လအတွင်း ၁ သိန်းနီးပါး ဈေးမြင့်ရရှိ
1 / 2
Donate to DVB

ပြည်တွင်းအိတ်စပို့စ်မတ်ပဲဈေးနှုန်းက ၁ လအတွင်း ၁ သိန်းနီးပါး ဈေးမြင့်ရရှိခဲ့ပြီး  ဒီနှုန်းထားက ကျဖို့ မရှိဘူးလို့ မြန်မာနိုင်ငံ ပဲနှမ်းတင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူးက ပြောပါတယ်။

Black_gram copyဇူလိုင်လဆန်းကစလို့ အိတ်စပို့စ်မတ်ပဲ ၁ တန်ကို ကျပ် ၇ သိန်းကျော်ကနေ အခု ၈ သိန်းကျော်အထိ ဈေး တက်ခဲ့ပြီး  ဒီအခြေအနေ ဆက်တည်ရှိမယ်လို့ မြန် မာနိုင်ငံ ပဲနှမ်း တင်ပို့ ရောင်းချ သူများအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြော ပါတယ်။

အိန္ဒိယနိုင်ငံရဲ့  သီးနှံအထွက်လျော့နိုင်တာကြောင့် မြန်မာ့ပဲတွေက ဈေးကောင်း ရနိုင်ကြောင်း သူက ပြောပါတယ်။

“စိုက်ပျိုးဧရိယာအားလုံးက ဇွန်လလောက်မှာ စစိုက်ပျိုးကြတယ်။ ဇွန်လမှာ သူက မိုးလုံးဝ မရခဲ့ဘူး။ ဇူလိုင် ၁၅ လောက်မှ မိုးစရွာတယ်။ မိုးရပြန်တော့လည်း မိုးက အရမ်းကြီးပြီး စိုက်ဖို့ သူတို့မှာ အခက်ခဲဖြစ်တယ်။ စက်တင်ဘာမှာ မတ်ပဲနဲ့ ပဲတီစိမ်း အဓိကထွက်တယ်။ ရာသီဥတုစိုးလို့ စိုက်ပျိုးဖို့ ဧရိယာနည်းမယ်၊ ထွက်လာတဲ့အခါမှာလည်း နည်းမယ်။ နည်းတဲ့အခါ တကယ့်လိုအပ်ချက်ကို ဘယ်က ဖြည့်လို့ရမလဲဆိုတော့ မတ်ပဲနဲ့ ပတ်သက်ရင် မြန်မာပြည်ပဲ အဓိက ဖြည့်လို့ရမယ်။ လက်ရှိ ဈေးတက်လာတယ်၊ ၀ယ်ယူမှု အားကောင်းလာတယ်။ မတ်ပဲနဲ့ ပဲတီစိမ်းက အသေချာကောင်းမှာပါ။”

အိန္ဒိယမှာ ပဲလိုအပ်တဲ့ ၂၀၀၉ ခုနှစ်တုန်းက မတ်ပဲ (FAQ) ၁ တန်ကို ကျပ် ၁၀ သိန်းကျော်အထိ ရခဲ့တဲ့အတွက် လက်ရှိကာလနဲ့ သဏ္ဌာန်တူနေတယ်လို့ ဆိုပါတယ်။

အိတ်စပို့စ်ပဲဈေးတွေ ဈေးကောင်းရချိန်မှာ ယုံကြည်မှုအပေါ် အခြေခံတဲ့ ကြိုရောင်းကြိုဝယ်စနစ်ကြောင့် အရှုပ်အရှင်းပြဿ      နာတွေ ရှိခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ ပဲနှမ်းအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က အလားတူ အရှုပ်အရှင်းတွေ မဖြစ်ရလေအောင် ကြိုတင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“မကြာခင်မှာတော့ ရောင်းဝယ်တဲ့သူတွေရဲ့ တောင်းဆိုချက်အရ ကုန်စည်ဒိုင်တွေမှာတောင် ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဆွေးနွေးကြတယ်။ အဓိက ယုံကြည်မှုနဲ့ ရောင်းဝယ်တာထက်စာရင် ငွေကြေး အာမခံတခုအနေနဲ့ပေါ့။ ချက်ချင်း အရောင်းအ၀ယ်လုပ်တဲ့အခါကျရင် တန်ဖိုးတခုကို ကုန်စည်ဒိုင်ကနေပြီး ကြားခံအနေနဲ့ တာဝန်ယူထိန်းသိမ်းထားစေချင်တယ်။ အဲဒါတွေလည်း ကုန်စည်ဒိုင်က ပြင်ဆင်နေပါပြီ။”

အိန္ဒိယနိုင်ငံဟာ  ကမ္ဘာမှာ ပဲအများဆုံးစိုက်တဲ့နိုင်ငံ ဖြစ်သလို အများဆုံးစားသုံးတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။

ထုတ်လုပ်မှုထက် စားသုံးမှုက ပိုတဲ့အတွက် အမေရိကန်၊ ကနေဒါ၊ မြန်မာ၊ အရှေ့အာဖရိက၊ ယူကရိန်းနဲ့ ကနေဒါနိုင်ငံတွေက နှစ်စဉ် ပဲမျိုးစုံ တန်ချိန် ၃ ဒဿ    မ ၅ သန်းကို တင်သွင်းနေပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က ပဲနှမ်းစိုက်တောင်သူတွေကို မေးကြည့်ရာမှာ မိုးမရွာတဲ့အတွက် နှမ်းကို ၂ ကြိမ် ၃ ကြိမ် ပြန်စိုက်ရပြီး အဖိတ်အစင် တ၀က်လောက် ရှိနိုင်တယ်လို့ ပြောပါတယ်။ ပဲကတော့ မိုးရွာတာကြောင့် အောင်တယ်လို့ ပြောပါတယ်။

“နှမ်းကတော့ သိပ်ပြီးမရဘူး၊ တော်တော်နည်းသွားပြီ။ ၅၀-၅၀ ပါပဲ။ ပဲကတော့ ရမယ့်သဘောပါတယ်။ ဘာလို့လဲဆိုတော့ ပဲက မိုးနဲ့ အကိုက်ကျသွားတယ်။ ပဲပင်တွေကတော့ တော်တော်ကောင်းတယ်။”

လက်ရှိမှာ မြန်မာ့မတ်ပဲတွေက အိန္ဒိယဈေးကွက်ဆီ တန်ချိန် ၄ သိန်းကျော် တင်ပို့ထားနိုင်ပြီး ဖြစ်လို့ ပြည်တွင်းမှာ လက်ကျန်အနေနဲ့ တန်ချိန် ၁ သိန်းခွဲနီးပါးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013