DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတွင် ရဲတပ်ဖွဲ့နှင့်ဒေသခံများ အဓိကရုဏ်းဖြစ်
DVB
·
July 28, 2014
လက်ပံတောင်းတွင် ရဲတပ်ဖွဲ့နှင့်ဒေသခံများ အဓိကရုဏ်းဖြစ်
1 / 2
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ရွာသူရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေ အကြား ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ လျော်ကြေးမယူထားတဲ့ မြေယာတွေပေါ်မှာ နွားကျောင်းခွင့် မပေးတဲ့ အတွက် ဖြစ်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_61185" align="alignleft" width="300"]1910483_272126096328144_4639559074702398058_n ဓာတ်ပုံ - ကိုဟန်ဝင်းအောင်ဖေ့ဘွတ်ခ်[/caption]

အစိုးရပိုင် မြန်မာအလင်း သတင်းစာမှာ ဇူလိုင် ၂၆ ရက်နေ့က မိုးကြိုးပြင်အလယ်ရွာ က ကျေးရွာသူရွာ သားတွေ စီမံကိန်းနယ်မြေကို ကျူးကျော်ပြီး လေးခွတွေ ခဲတွေနဲ့ ပစ်ပေါက်တဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရသွားပြီး ဆားလင်းကြီးမြို့မ ရဲစခန်းက ဥပဒေနဲ့ အညီအမှုဖွင့်အရေးယူထားတယ်လို့ ပါရှိပါတယ်။

ရွာသားတွေကို မေးရာမှာ ဇူလိုင် ၂၃ ရက်နေ့တုန်းက ဒေသခံတွေက စီမံကိန်း မြေယာထဲမှာ နွားကျောင်းခွင့်ပြုဖို့ ဦးပိုင်ကုမ္ပဏီနဲ့ ၀မ်ပေါင် ကုမ္ပဏီက ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးကို စာတင်ခဲ့ပေမယ့် ဆာလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ လတ်မှတ်နဲ့ ဒီမြေတွေမှာ ၀င်ရောက်ထွန်ယက် စိုက်ပျိုးခွင့်မရှိသလို ကျွဲနွားတွေလည်း ၀င်ရောက်ကျောင်းခွင့် မရှိကြောင်း အကြောင်း ပြန်တယ်လို့  ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့မှာလည်း ရွာသားတွေက ကျွဲနွားကျောင်းခွင့်ပေးဖို့ စီမံကိန်းက တာဝန်ရှိသူတွေဆီကို သွားရောက် တောင်းခံခဲ့ပေမယ့် ခွင့်မပြုခဲ့တဲ့အတွက် စီမံကိန်းကြောင့် မြေအသိမ်းခံရပြီး လျော်ကြေး ယူထားခြင်း မရှိတဲ့ မြေပိုင်ရှင်တွေက စည်းရိုးတွေကို ဖွင့်လှစ်ဖို့ ကြိုးစားခဲ့ရာက ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ခဲတွေ လေးခွတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မိုးကြိုးပြင် အလယ်ရွာက ကိုအောင်ကိုဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦးလည်း မျက်လုံးနဲ့ နှာခေါင်းမှာ ထိမိပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရှိသွားသလို သေနတ် ၂ ချက် ပစ်ဖောက်ခဲ့တယ်လို့ သူက  ပြောပါတယ်။

မိုးကြိုးပြင် အလယ်ရွာက မသင်းသင်းဦးကတော့ ရွာသားတွေက လျော်ကြေးမယူထားတဲ့ မြေယာတွေကို ကာရံထားတဲ့ စည်းရိုးတွေကို ဖွင့်လိုက်ပြီး နွားတွေကို သွင်းရာမှာ ရဲတပ်ဖွဲ့က ခြောက်လှန့်တဲ့အနေနဲ့ လေးခွနဲ့ စတင်ပစ်ခတ်ရာက ၂ ဘက် အပြန်အလှန် ပစ်ခတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် ရွာမှာ ဖမ်းဆီးတာ မရှိတဲ့အကြောင်းလည်း သူက ပြောပါတယ်။

ယင်းမာပင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ကတော့ ရွာသားတွေ ဒဏ်ရာရတာကို ငြင်းဆိုလိုက်သလို လက်ရှိအချိန်မှာတော့ အခြေအနေက တည်ငြိမ်သွားပြီဖြစ်သလို ရဲတပ်ဖွဲ့ကို ပစ်ခတ်တဲ့ လက်သည်တွေ အားလုံးကို သိနိုင်ဖို့ ခဲ့ယဉ်းတယ်လို့ ပြောပါတယ်။

ရွာသားတွေက ကျွဲတွေနွားတွေ ၀င်ကျောင်းချင်တဲ့အတွက် ဒီဖြစ်ရပ်ဖြစ်ပွားရတဲ့အကြောင်းနဲ့ စီမံကိန်း ဧရိယာထဲမှာ အဆောက်အဦကလွဲပြီး စားကျက်မရှိဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စီမံကိန်း ဧရိယာကြောင့် မြေယာအသိမ်းခံရတဲ့ လယ်သမားတွေထဲမှာ လျော်ကြေးမယူတဲ့ လယ်ပိုင်ရှင်တွေ ရှိနေသလို ဒီပိုင်ရှင်တွေကို လျော်ကြေးယူဖို့ အတွက် စည်းရုံးလုပ်ဆောင်နေ တယ်လို့လည်း ဦးဇော်မျိုးညွန့်က ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013