DVB Logo
Home
မြန်မာသတင်း
စာရင်းကောက်ခံမှုအပေါ် ဒုက္ခသည်များ စိုးရိမ်
DVB
·
July 28, 2014
စာရင်းကောက်ခံမှုအပေါ် ဒုက္ခသည်များ စိုးရိမ်
Donate to DVB

ထိုင်းအာဏာပိုင်တွေက နယ်စပ်မှာ   ဒုက္ခသည်လူဦးရေစာရင်းကို ကောက်ယူရာမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဒုက္ခသည်တွေက မြန်မာနိုင်ငံတွင်း အတင်းအကျပ် ပြန်ပို့မှာကို စိုးရိမ်ပူပန်နေကြပါတယ်။

[caption id="attachment_61176" align="alignleft" width="300"]မယ်လဒုက္ခသည်စခန်း - ဇွန် ၃ ရက်နေ့ ၂၀၁၂ ခုနှစ် (ဓာတ်ပုံ ရိုက်တာ) မယ်လဒုက္ခသည်စခန်း - ဇွန် ၃ ရက်နေ့ ၂၀၁၂ ခုနှစ် (ဓာတ်ပုံ ရိုက်တာ)[/caption]

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက သည်စခန်းတွေကို  ထိုင်းအာဏာပိုင်တွေ က လူဦးရေ စားရင်း ကောက်ခံ မှုတွေ လုပ်ဆောင်နေပြီး ဘာကြောင့် ဒီလိုကောက်ခံ လဲဆိုတာ တိကျသေချာတဲ့ အဖြေ မပေးတဲ့ အတွက် နေ ရပ်ပြန်ပို့မှာကို ဒုက္ခသည်တွေ စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ထိုင်းနယ်စပ် အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခ သည်စခန်းကို လူဦးရေစားရင်း စတင်ကောက်ခံနေတာဖြစ်ပြီး ကောက်ခံမှုအချိန်ကာလကို  လကုန်အထိ သတ်မှတ်ထားပါတယ်။

စာရင်းကောက်ခံတဲ့နေရာမှာ ကတ်ပြား အစိမ်း၊ အစိမ်းနုနဲ့ အနီရောင်ဆိုပြီး ခွဲခြား သတ်မှတ်ထားတယ်လို့ မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောအော်နက်က ပြောပါတယ်။

“စာရင်းကောက်ခံမှုရဲ့ တိကျတဲ့ အဖြေကို ကျနော်တို့မေးပေမယ့် စခန်းတွင်း ဒုက္ခသည်ဦးရေကို သေချာပြန်စစ်တာပဲ ပြောတာကလွဲလို့ သူတို့က ဘာမှ သေချာပြန်မဖြေဘူး။ ဒီစာရင်းကောက်တာ အပိုင်း ၃ ပိုင်းခွဲထားတယ်။ ယူအန်အိပ်ခ်ျစီအာ (ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး) လက်မှတ် ၀၂၁ -၀၂၁ --၀၂၆ နံပါတ်နဲ့ စတဲ့သူကို အစိမ်းရောင်ကတ်ပေးတယ်။  ယူအန်အိပ်ခ်ျစီအာ လက်မှတ်နံပါတ် ၇၀ - ၇၁ နဲ့ စတဲ့နံပါတ်တွေကို စိမ်းနုရောင်ပေးပြီး ယူအန်အိပ်ခ်ျစီအာလက်မှတ် မရှိတဲ့သူတွေကိုတော့ အနီရောင်ကတ်ပြားပေးတယ်။ ဒီလိုခွဲပြီး မိသားစု တစုချင်းစိစစ်တယ်။ ရိက္ခာလက်မှတ်က လူဦးရေစာရင်း၊ ယူအန်စာရင်းတွေကို သေချာရးမှတ်ပြီး ဓာတ်ပုံရိုက်တယ်။ ”

ဘာကြောင့် ဒီလို ခွဲခြားပြီး လုပ်မယ်ဆိုတာကိုလည်း တိကျသေချာတဲ့ အဖြေမပေးဘူးလို့ လည်း ဆိုပါတယ်။

မယ်လဒုက္ခသည်စခန်းမှာ အခုလို အရောင်းသုံးမျိုးခွဲခြားကောက်ခံပေမယ့် အုန်းဖျန် ဒုက္ခသည်စခန်းမှာတော့ ပုံစံတမျိုးနဲ့ကောက်ခံတယ်လို့ အုန်းဖျန်ဒုက္ခသည်စခန်းက နော်ဘော ညောက ပြောပါတယ်။

ပထမတကြီမ်စာရင်းကောက်ခံတုန်းက စိမ်းနုရောင်ကတ်ပြားထုတ်ပေးထားပြီး ဒုတိယ တကြိမ်ကောက်ခံရာမှာတော့ အဖြူရောင်ကတ်ပြားတွေ ထုတ်ပေးတယ်လို့ ပြောပါတယ်။

ဒီလို ဒုက္ခသည်စခန်းတခုနဲ့တခု မတူကောက်ခံမှုတွေအပြင် ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ စာရင်းကောက်ခံတွေအတွက်လည်း ဒုက္ခသည်တွေအနေနဲ့မိမိနေရပ်ကို ပြန်ပို့မှာ စိုးရိမ်နေကြပါတယ်။

ဒုက္ခသည်တခြားတဦးဖြစ်တဲ့ နော်ခူထီးကတော့ မြန်မာနိုင်ငံအတွင်းမှာ လုံခြုံမှုမရှိသေးတဲ့ အတွက် မပြန်ချင်ဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေနဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဘန်ကောက်မှာ တွေ့ဆုံပြီးတဲ့နောက်ပိုင်း   ဒုက္ခသည်စခန်း ၉ ခုစလုံးကို စစ်ဆေးမယ်လို့ အာဏာပိုင်တွေ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ ဒီလဆန်းပိုင်းမှာ တာ့ခ်ခရိုင်က အုန်းဖျံ နဲ့ နို့ဖိုးဒုက္ခသည်စခန်း၊ ကန်ချနပူရီက ဘန့်ဒုံယန်း စခန်းတွေကို စစ်ဆေးကာ ၀င်ထွက်သွားလာမှုတွေကို တင်းကျပ်ထားတယ်။

ထိုင်းစစ်အစိုးရခေါင်းဆောင်ပိုင်းကလည်း ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး ချောမွေ့အောင် ထိုင်း-မြန်မာနှစ်နိုင်ငံ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမယ်၊ မြန်မာဒုက္ခသည်တွေ လူသားချင်း စာနာမှုဆိုင်ရာ မူတွေနဲ့အညီ မြန်မာပြည်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ နှစ်နိုင်ငံစလုံးက အသေအချာဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013