DVB Logo
Home
မြန်မာသတင်း
မင်းလှ လယ်သမားများ မိုးစပါးစိုက်စရိတ်ချေးငွေ မရလို့ အခက်တွေ့
DVB
·
July 28, 2014
မင်းလှ လယ်သမားများ မိုးစပါးစိုက်စရိတ်ချေးငွေ မရလို့ အခက်တွေ့
Donate to DVB

မိုးစပါးစိုက်ဖို့အတွက် အစိုးရက ချေးလေ့ရှိတဲ့ အမတော်ကြေးတွေ မရသေးလို့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်က လယ်သမားတွေ အခက်အခဲဖြစ်နေကြပါတယ်။

farmerဒီနှစ်မှာ ကျပ်သန်း ၇ ထောင်အထိ ချေးမယ် လို့ လျာထားတယ်ဆိုပေမယ့် အခုအချိန်ထိ စိုက်စရိတ်ချေးငွေ မရသေးတဲ့ မင်းလှမြို့နယ်ထဲက လယ်သမားတွေ အခက်တွေ့နေကြ တယ်လို့ ၀က်လှကလေးကျေးရွာအုပ်စု လယ်သမားတဦးက ပြောပါတယ်။

“ကျနော်တို့ စပါးစရိတ်ချေးပြီး လုပ်နေရတယ်။ ၂၀ နှုန်းလောက်ယူပြီး လုပ်တယ်။ ၂၀၀၀ ဈေးခင်ဗျ။ ကျနော် စပါး ၅၀ လောက် ရောင်းပြီးပြီ။”

စပါးစိုက်ဖို့ ငွေလိုအပ်တဲ့အတွက် မထွက်သေးတဲ့ စပါးတွေကို မတန်တဆဈေးနဲ့ ကြိုရောင်းထားရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ် ၁ ဧက စိုက်ပျိုးဖို့အတွက် စရိတ်စက ၁ သိန်းလောက် ရှိတယ်လို့လည်း လယ်သမားတွေက ဆိုပါတယ်။

မနှစ်က ချေးငွေယူရတဲ့ပုံစံနဲ့ လက်ရှိအခြေအနေကို လယ်သမား ဦးသန်းဌေးက “မနှစ်က ၁ သိန်းနှုန်းနဲ့ ၇ သိန်းရပါတယ်။ ဟိုရောက်တဲ့အခါကျတော့  စိုက်ဘဏ်ကနေပြီး တောင်သူဦးကြီးများကို မိုးစပါး စိုက်ပျိုးစရိတ်ကို ကျနော်တို့ ထုတ်ချေးပါတယ်။ ပြန်ပြီး ပေးဆပ်ရမယ့်အချိန်သည် ဘယ်ရာသီ ဘယ်ဒေသမှာ ပြန်လည်ပေးဆပ်ရမယ်ဆိုပြီး သူတို့ ပြောပါတယ်။ အခု လယ်တွေတောင် ပြီးနေပြီ၊ ထုတ်ချေးပေးမယ့်ငွေ အုပ်ချုပ်ရေးမှူးကို မေးတော့လည်း မနက်ဖြန်၊ သန်ဘက်ခါ နဲ့ အခုထိ မရသေးပါဘူး” လို့ ပြောပါတယ်။

ဒီနှစ်မှာတော့ လယ်ယာမြေပိုင်ဆိုင်ခွင့် အထောက်အထားဖြစ်တဲ့ ပုံစံ ၇ ကို စိုက်ပျိုးရေးဘဏ်မှာ အပ်ထားရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

မင်းလှမြို့နယ် စိုက်ပျိုးရေးဘဏ်မန်နေဂျာ ဒေါ်နုနုရီက “ကျမတို့ ရွာအုပ်ချုပ်ရေးမှူးတွေဆီက အကုန်လုံး ပုံစံတွေတင် မြန်မြန်ရှင်းနေတာပဲ။ ပုံစံဖောင်တွေကိုလည်း ကျမတို့ တိုက်ပြီး စစ်ရသေးတယ်လေ။ ကျမတို့ ပုံစံ ၇ ကို ကြည့်ပြီးတော့ လယ်သမား လက်ဝယ်ပိုင်ဆိုင်ထားတာ ရှိတယ်လေ။ အဲဒီဖောင်ကို ကျမတို့ဆီမှာ သိမ်းထားတယ်။ ငွေကျေတဲ့အခါ ပြန်ပေးမယ်။ ညွှန်ကြားချက်အရ ကျမတို့ သိမ်းရတာ။ တိုင်းကနေအဆင့်ဆင့် ညွှန်ကြားတယ်။ အာမခံချက်တခုခုအနေနဲ့ သိမ်းရတာ” လို့ ပြောပါတယ်။

လက်ရှိမှာ ကျေးရွာအုပ်စု ၃၈ အုပ်စု ကို ချေးငွေထုတ်ပေးခဲ့ပြီးပြီလို့ ဆိုပါတယ်။ မနှစ်က ချေးငွေကို ပြန်မဆပ်သေးတဲ့ သူတွေ ရှိခဲ့ပေမယ့် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို ဆွေးနွေးနေတုန်းလို့လည်း သူက ပြောပါတယ်။

အစိုးရက ချေးပေးတဲ့ စိုက်စရိတ်ချေးငွေအတွက်  မနှစ်ကတော့ ငွေ ၁၀၀ ကျပ်မှာ ၇၁ ပြားနှုန်း အတိုးပေးခဲ့ရပေမယ့် ဒီနှစ်မှာတော့ ၄၂ ပြားနှုန်းပဲ ပေးရတော့မှာ ဖြစ်ပါတယ်။

မင်းလှမြို့မှာ ပြီးခဲ့တဲ့နှစ်က လယ်သမား ၁ သောင်းလောက်က လယ်မြေဧက ၆ သောင်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၆၅၃၀ ချေးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013