A d v e r t i s e m e n t With Us

အီးဗီဇာစနစ် စက်တင်ဘာတွင် စမည်

မြန်မာနိုင်ငံထဲ လာရောက်လည်ပတ်လိုတဲ့ နိုင်ငံခြားသားတွေကို အွန်လိုင်းကနေ ဗီဇာ ထုတ်ပေးနိုင်တဲ့ အီလက်ထရွန်းနစ် ဗီဇာစနစ်လို့ ခေါ်တဲ့ အီးဗီဇာကို လာမယ့် စက်တင်ဘာလမှာ စတင်နိုင်တော့မယ်လို့ လ၀က၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောတယ်လို့ မြန်မာ့သတင်းစဉ်က ဖော်ပြပါတယ်။ E-Visa-300x202ပြည်ထောင်စုဝန်ကြီးက အီးဗီဇာစနစ်လို့ ပြောပေ မယ့် ဗီဇာကြေး အပါအ၀င် ငွေပေးငွေယူ ကိစ္စတွေပါ ပါလာတဲ့အတွက် လုပ်ကိုင်ဆောင်ရွက်ရ တာ အဆင့်များတဲ့အကြောင်း ဒါပေမယ့် စက်တင်ဘာမှာတော့ အွန်လိုင်းဗီဇာ စပေးနိုင်တော့မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်က ခရီးသည် ၁ သန်း ၀င်ရောက်ခဲ့ပြီး ၂၀၁၃ မှာတော့ ၂ သန်း ၀င်ရောက်ခဲ့ပါတယ်။ ၂၀၁၄ မှာ နိုင်ငံခြားခရီးသည် ၃ သန်း ၀င်ရောက်ဖို့ လျာထားပြီး ခုလို အွန်လိုင်းကနေ ဗီဇာ လွယ်လွယ်ကူကူ ထုတ်ပေးနိုင်မယ်ဆိုရင် အဲဒီ အရည်အတွက် ပြည့်မီနိုင်တယ်လို့ ရွှေနိုင်ငံ ခရီးသွားလုပ်ငန်း အေ၈ျင်စီက ဦးမင်းစိုးလင်းက ဒီဗွီဘီကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up