DVB Logo
Home
မြန်မာသတင်း
မြေပြိုမူကြောင့် ကချင်ပြည်နယ် ဂျာယန်းဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော်ကို ပြောင်းရွှေ့
DVB
·
July 27, 2014
မြေပြိုမူကြောင့် ကချင်ပြည်နယ် ဂျာယန်းဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော်ကို ပြောင်းရွှေ့
Donate to DVB

မိုးရွာသွန်းမူများပြီး မြေပြိုမူကြောင့် ကချင်ပြည်နယ် ဂျေရန်းဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က မိုးရွာသွန်းမှုဖြစ်ပြီး မြေပြိုမူကြောင့် ဂျာယန်းဒုက္ခသည်စခန်းက တောင်ခြေနဲ့နီးတဲ့ အိမ်ခြေ ၁၂၃ လုံးကို လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားရတာပါ။

[caption id="attachment_61116" align="alignright" width="300"]ဂျာယန်း ဒုက္ခသည် စခန်းအတွင်း မြင်တွေ့ရစဉ် ဂျာယန်း ဒုက္ခသည် စခန်းအတွင်း မြင်တွေ့ရစဉ်[/caption]ဒီမြေပြိုမှုကြောင့် ကလေး ၃ ဦးနဲ့ လူကြီး ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။

ဂျာယန်းဒုက္ခသည်စခန်း တာဝန်ခံဦးဇော်ဒွဲက အိမ်ခြေ ၁၀၀ ကျော်ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီးအခုလို ပြောပြပါတယ်။

“လောလောဆယ် အခက်အခဲဖြစ်တော့ လွန်ခဲ့တဲ့ ၂၂ ရက်နေ့မှာ မိုးရွာ၊ ရေကြီး၊ မြေပြို လူတွေ အသက်ဆုံး လောလောဆယ်တော့ တောင်ခြေနဲ့နီးတဲ့ မိသားစုတွေကို လုံခြုံတဲ့ နေရာမှာ ပြန်ရွှေ့ထားတယ်။ အိမ်ခြေပေါင်း အားလုံး ၁၂၃ လုံး ရှိတယ်။”

ဂျေရန်း ဒုက္ခသည်စခန်းက ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးမှာ တည်ရှိပြီး၂၀၁၁ ခုနှစ် ဇွန်လ ၂၇
ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး နမ့်လုံ၊ နန့်ဆန်ရန်၊ လွယ်မောက်၊ ဒေါ့ဖုန်းရန်၊ စတဲ့ ကျေးရွာပေါင်း ၈၁ ရွာက ဒုက္ခသည်တွေ ခုံလှုံနေတာပါ။ လက်ရှိမှာတော့ အိမ်ခြေ ၁၆၇၀ နဲ့ လူဦးရေ ၈၀၀၀ ကျော်ရှိ နေပါတယ်။

ဂျာယန်း ဒုက္ခသည်စခန်းကို လက်တလောမှာ အိမ်ခြေ ၁၀၀ ခန်.ပြောင်းရွှေ့လာပြီး စခန်းမှာရှိတဲ့ အိမ်ခြေ ၇၀၀ ခန့်ကိုလည်း ဆောက်လုပ်ဖို့ လိုနေတယ်လို့ ဦးဇော်ဒွဲက ပြောပါတယ်။

၂၀၁၁ ခု ဇွန်လ ၉ ရက်နေ့ကစပြီး မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်လွပ်ရေးတပ်မတော် အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့မူကြောင့် ကချင်လူထု ၁ သိန်း ၂ သောင်း ကျော် မိမိနေရပ်စွန်ခွာ ထွက်ပြေးနေကြရပြီး အခုအချိန်အထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013