DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်းအ၀န်းကြား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရန် ကုလကိုယ်စားလှယ် တိုက်တွန်း
DVB
·
July 27, 2014
ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်းအ၀န်းကြား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရန် ကုလကိုယ်စားလှယ် တိုက်တွန်း
Donate to DVB

ဗုဒ္ဓဘာသာနဲ့ မွတ်စလင် လူမှုအသိုင်းအဝန်း ၂ ခုအကြား ပြန်လည်သင့်မြတ်ရေးကို အမြန် ဆုံးဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ သူရဲ့ ၁၀ ရက်တာ မြန်မာလူ့အခွင့်ရေး အခြေအနေလေ့ရေးအပြီး ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့တာပါ။

Miss Yung Hee Lee 26072014ယန်ဟီးလီဟာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေအပြင် မန္တလေးက ပဋိပက္ခအခြေအနေ တွေကို သွားရောက်လေ့လာခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် လူမှု အသိုင်းအဝိုင်းတွေအကြား အမြန်ဆုံး ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“အစိုးရကရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ရေရည်စီမံကိန်းတွေ ချထားတတယ် ဆိုပေမယ့် လူမှုအသိုင်းအဝိုင်း ၂ ခုအကြားမှာ အမြဲတမ်း ခွဲခြားတဲ့ အခြေအနေမျိုးဖြစ်မှာကို စိုးရိမ်မိပါတယ်။ လက်ရှိဦးစားပေး လုပ်ဆောင်ရမယ့် အချက်တွေက လူမှု အသိုင်းအဝိုင်း ၂ ခု အကြားမှာ အမျိုးသားပြန်လယ်ရင်ကြားစေ့ရေးအတွက် တိုးတက်အောင်ဆောင်ရွက်ဖို့ အရေးကြီး ပါတယ်။ ပြီးတော့ ရန်ပြုလိုအဖြစ်မျိုးတွေနဲ့ တင်းမာမှုတွေကိုလည်း လျော့ချရမှာဖြစ်ပါတယ်။”

ယန်ဟီးလီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အသွင်ကူးပြောင်းကာစ အချိန်တွေနဲ့ မတူဘဲ တိုးတက်မှုတွေ အားနည်းလာတယ်လို့ ဝေဖန်သွားပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေကို ဖမ်းဆီ ထောင်ချတာ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့သူတွေနဲ့ လယ်မြေအသိမ်းခံရလို့ ဆန္ဒပြသူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲတာတွေအတွက် စိုးရိမ်မိ တယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ နှစ်ဖက်စလုံးက ပြောဆိုချက် တွေကို အလေးအနက် နားထောင်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ အခြေအနေဟာ ဆိုရင် အလွန် စိတ်မကောင်းစရာ အဖြစ်တွေ နဲ့ တွေ့နေရတယ်လို့ ယန်ဟီလီက ပြောဆိုသွားပါတယ်။

“မိုးရွာနေတဲ့ အကြားက စစ်တွေက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ရခိုင်ဖက်ကကော ဘင်္ဂလီဖက်ကပါ စခန်းတွေမှာနေထိုင်နေတဲ့ ကလေး နဲ့ မိန်းကလေးတွေဟာ အခက်အခဲ ကြုံတွေ့နေရတဲ့ အခြေနေတွေကို တွေ့နေရပါတယ်။ သူတို့ရဲ့ အနေအထားက ဝမ်းနည်းစရာကောင်းပါတယ်။ ပညာရေး ကျန်းမာရေး အခွင့်အရေး ဆုံးနေရတာတွေကိုလည်း စိတ်မကောင်းစာပါလို့ပြောပါတယ်။”

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ဖို့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ထောက်ပြသွားပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့တာ ဖြစ်ပြီး အစိုးရ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး၊လူမှုရေးနဲ့ ဘာသာရေး အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ယန်ဟီလီဟာ သူ့ရဲ့ ၁၀ ရက်ကြာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး လေ့လာရေး ခရီးစဉ်အတွင်းမှာ တွေ့ရှိတဲ့ အခြေအနေတွေကို လာမယ့် အောက်တိုဘာလကျင်းပမဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013