DVB Logo
Home
မြန်မာသတင်း
အန်စီစီတီ အစည်းအဝေး ၂ ရက်အတွင်း တပ်ပိုင်းဆိုင်ရာနှင့် အပစ်ရပ်ခိုင်မာစေမည့်ဆွေးနွေးမှု ပြီးစီး
DVB
·
July 27, 2014
အန်စီစီတီ အစည်းအဝေး ၂ ရက်အတွင်း တပ်ပိုင်းဆိုင်ရာနှင့် အပစ်ရပ်ခိုင်မာစေမည့်ဆွေးနွေးမှု ပြီးစီး
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဇူလိုင်လ ၂၆ ရက်နေ့က ဒုတိယရက်အဖြစ် ကျင်းပခဲ့ပြီး အခန်း ၄ အထိ ဆွေးနွေးနိုင်ခဲ့ပါတယ်။

secondtimeNCCT meeting 2day 25072014 MuTuSayPoeဇူလိုင် ၂၅ ရက်နေ့က ပထမနေ့ အစည်းအဝေးမှာတော့ နိဒါန်းနဲ့ အခန်း ၁ အခြေခံမူဝါဒ ဝေါဟာရအသုံးပြုမူ အပိုင်းကို အပြီးသတ်ဆွေးနွေးခဲ့ပြီး ဒီကနေ့မှာတော့ အခန်း ၂၊ ၃၊ ၄ မှာ ပါဝင်တဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီအစည်းအဝေးကြီးမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ အန်စီစီတီ အကြံပေး ဒေါက်တာဆလိုင်းလျာမူန်းဆာခေါင်းကတော့ ဒီဆွေးနွေးပွဲမှာ တပ်ပိုင်း ဆိုင်ရာအခန်းဖြစ်တဲ့ အခန်း ၃ အပါအ၀င် အပတ်အခတ်ရပ်ရေးခိုင်မာစေတဲ့ အခန်း ၄ ပါ ပြီးစီး ခဲ့တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ “အခန်း ၄ အထိ ပြီးသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဇူလိုင်လ ၂၅ ရက်နေ့က အခြေခံမူတွေ ပြီးပါးသွားတယ်။ ဒါက အင်မတန် အရေးကြီးတဲ့ အခန်းဖြစ်တယ်။ ဇူလိုင်လ ၂၆ ရက်နေ့မှာ ရည်ရွယ်ချက်တွေလည်း ပြီးသွားတယ်။ တပ်ဘက်ဆိုင်ရာ ကိစ္စ အခန်း ၃ လည်း ပြီးသွားတယ်။ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စအားလုံးက အခန်း ၃ မှာ ပါတယ်လေ။ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေမယ့် အခန်း ၄ ကိုလည်း ပြီးသွားတယ်။ အခန်း ၃ ရော အခန်း ၄ ရော ပြီးသွားတော့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ အားလုံးပြီးသွားသလောက် ဖြစ်တယ်။” အန်စီစီတီ အဖွဲ့ဝင် ခွန်ဥက္ကာကတော့ အခန်း၃၊ အခန်း ၄ မှာပါတဲ့ စစ်ဖက်ဆိုင်ရာအပိုင်းတွေနဲ့ တပ်ပိုင်းဆိုင်ရာအချက်တွေကို တာဝန်ရှိသူတွေက ကြီးကြီးကျယ်ကျယ် အငြင်းမပွားခဲ့ပဲ ဆွေးနွေး နိုင်ခဲ့တယ်လို့ အခုလိုပြောပါတယ်။ “ဒီနေ့ အခန်း ၃ နဲ့ အခန်း ၄ ကတော့ စစ်ဘက်ဆိုင်ရာအပိုင်းဖြစ်သွားတော့ စစ်ဘက်ဆိုင်ရာ တာဝန်ကျတဲ့ အဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ ရှင်းလင်းတာပေါ့။ အများအားဖြင့်တော့ တပ်ပိုင်းဆိုင်ရာ ပုဒ်မတွေ၊ တပ်ပိုင်းဆိုင်ရာ သဘောတူညီချက်တွေကတော့ ကြီးကြီးကျယ်ကျယ် အငြင်းပွားတာတော့ မရှိဘူး။ ဒီစာချုပ်ပါတဲ့တိုင်းလည်း လိုက်နာမယ် ဒီထက်ပိုပြီး ထူးခြားမှု ရှိရင် ၂ ဖွဲ့ချင်းလည်း လုပ်နိုင်တယ်။ ဒီကနေ့တော့ အခန်း ၄ အထိ ပြီးတယ်လို့ ပြောနိုင်တာပေါ့။” အခုကျင်းပနေတဲ့တဲ့ အစည်းအဝေးကို အန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ လေ့လာသူ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို မနက်ဖြန်တစ်ရက်နားပြီး လာမယ့် ဇူလိုင် ၂၈ ရက်နေ့မှာ ကျန်နေတဲ့ အခန်း ၃ ခန်းကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ မနှစ်နှစ်ကုန်ပိုင်းက လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံကြီး ကနေ တနိုင်ငံလုံး အပစ်ရပ်ရေးဘုံသဘောထား ချမှတ်ခဲ့ပြီး အန်စီစီတီ အဖွဲ့ကို ဖွဲ့စည်းခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ် လောခီးလာမှာလည်း ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013