DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်ငန်းရှင်များကို ဂျပန်ဘဏ်က ချေးငွေထုတ်ပေးရန် ပြင်
DVB
·
July 26, 2014
မြန်မာလုပ်ငန်းရှင်များကို ဂျပန်ဘဏ်က ချေးငွေထုတ်ပေးရန် ပြင်
Donate to DVB

ဂျပန် ဆူမီတိုမို မစ်ဆုအီ (Sumitomo Mitsui) ဘဏ်ကော်ပိုရေးရှင်းက အလားအလာ ကောင်းတဲ့ ပြည်တွင်းအသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ချေးငွေထုတ်ပေးဖို့ အတွက် စစ်တမ်း ကောက်ယူနေပါတယ်။

People walk past a signboard of Sumitomo Mitsui Banking Corporation in Tokyoဆူမမီတိုမိုမစ်ဆုအီ ဘဏ်ကော်ပိုရေးရှင်းက မြန်မာပြည်တွင်းက စီးပွားရေး အလားအလာ ကောင်းတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဆက်လက် ရှင်သန်နိုင်ဖို့အတွက် စစ်တမ်းကောက်ယူနေပြီ ဖြစ်ကြောင်း အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဂျပန်ဘဏ်တွေကနေပြီးတော့ ဗဟိုဘဏ်ကို ပေးမယ်။ ဗဟိုဘဏ်ကတဆင့် ပုဂ္ဂလိကဘဏ် ၅ ခုလောက်ကနေတဆင့် အလားအလာရှိတဲ့ လူတွေကို ချေးမယ်ဖို့ဆိုပြီး အစီအစဉ်လုပ်နေတယ်။ လောလောဆယ်တော့ အလားအလာရှိနိုင်တဲ့ ပေးလို့ ဖြစ်နိုင်တဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ကို စစ်တမ်းလိုက်ကောက်နေတာတွေ တွေ့ရပါတယ်။”

အသေးစားနဲ့ အလတ်စားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ မူဝါဒနဲ့ ပြည်ပရေးရာက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအိဆွေဇင်ထွန်းကလည်း မြန်မာလုပ်ငန်းရှင်တွေကို ဂျပန်ဘဏ်ကတဆင့် ချေးငွေ ထုတ်ပေးသွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“လောလောဆယ်က သူတို့ကလည်း စစ်တမ်းလုပ်တယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ငွေထုတ်ချေးမယ်ဆိုရင် ဘယ်ဟာလဲဆိုတာ ကျမတို့မှာ အခက်အခဲဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဥပဒေလည်း မထွက်သေးတော့လေ။ ဘဏ်ဘက်ကလည်း စစ်တမ်းကောက်တယ်။ ဒီ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ငွေထုတ်ချေးလိုက်ရင် တိုးတက်နှုန်းဘယ်လောက်ရှိမလဲ သူတို့ အဲဒါတွေ ကောက်တာပါ။”

ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကနေ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေ ကျပ် ၁၀ ဘီလီယံ ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်အတွက် ချေးငွေ ကျပ် ၂၀ ဘီလီယံ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ဒေါက်တာအိဆွေဇင်ထွန်းက ဆိုပါတယ်။

လက်ရှိမှာ မြန်မာအသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ချေးငွေ ရရှိဖို့က မိမိပိုင်ပုံသေပစ္စည်းတွေကို အပေါင်သဘောထားပြီး ချေးယူနိုင်တယ်ဆိုပေမယ့် အပေါင်ထားမယ့် ပစ္စည်းမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

အစိုးရက ပြည်တွင်းအသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက သုံးသပ် ပြောဆိုပါတယ်။

“လိုအပ်ချက်တော့ ရှိတာပေါ့။ နံပါတ် ၁ အချက် အသေးစားနဲ့ အလတ်စားလုပ်ငန်း ဥပဒေ ထွက်ရမယ်။ ဒီဥပဒေထွက်မှ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေက တောင်းဆိုလို့ရတာ တောင်းဆိုမယ်။ လုပ်ကိုင်ခွင့် ရှိတာတွေလည်း ရှိလာမယ်။ ၂ အချက်က သူတို့ လုပ်ငန်းအဖွဲ့တွေ ဖွဲ့ထားတာရှိတယ်။ ဥပမာ နည်းပြညာပိုင်းကို ဖွံ့ဖြိုးရေးအတွက် လုပ်တဲ့ လုပ်ငန်းအဖွဲ့ရှိမယ်၊ ငွေကြေး အရင်းအနှီးရရှိအောင် လုပ်မယ့် လုပ်ငန်းအဖွဲ့ရှိမယ်။ စသဖြင့် လုပ်ငန်းအဖွဲ့တွေ ဖွဲ့ပြီး အစိုးရကနေ တွန်းအားပေးပြီးတော့ လုပ်နေကြတာပဲ။”

မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဥရောပ ငွေကြေးဈေးကွက်က လုပ်ငန်းရှင်တွေကလည်း ငွေကြေးအထောက်အပံ့တွေ စပေးဖို့ စီစဉ်နေပြီလို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

လာမယ့်လအတွင်း ဥရောပငွေကြေးဈေးကွက် ကုမ္ပဏီတွေက ပြည်တွင်းလုပ်ငန်းရှင် တွေကို ငွေကြေးထောက်ပံ့ပေးဖို့ ကိုယ်စားလှယ်ရုံးခွဲတွေ တရားဝင် လာဖွင့်ဖို့ရှိတဲ့အကြောင်းနဲ့ အဓိကအားဖြင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုတွေကို ကူညီသွားဖို့ ရည်ရွယ်တယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013