DVB Logo
Home
မြန်မာသတင်း
မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ ကုလကိုယ်စားလှယ်ထံ တင်ပြမည်
DVB
·
July 25, 2014
မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ ကုလကိုယ်စားလှယ်ထံ တင်ပြမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေနဲ့ သတင်းထောက်တွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး တင်ပြသွားမယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

stop-killing-media-300x198လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စယန်ဟီးလီဟာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေပြီး မနက်ဖြန်မှာတော့ မြန်မာဂျာနယ်လစ်ကွန်ရက် ကိုယ်စားလှယ် နှစ်ယောက်နဲ့ တွေ့ဆုံဖို့ ရှိနေတာပါ။

“သူတို့က အဖွဲ့အစည်းကိုယ်စားပြု ခေါ်သလား၊ လူပုဂ္ဂိုလ်ရွေးခေါ်သလားတော့ မသိဘူး။ ကျနော်တို့ကတော့ မြန်မာဂျာနယ်လစ်ကွန်ယက် ကိုယ်စားပြုတင်ပြမှာပါ” လို့ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။ သူနဲ့အတူ အတွင်းရေးမှူး ဦးအောင်သူရလည်း ပါဝင်မှာဖြစ်ပါတယ်။

“သတင်းသမားတွေ ဖမ်းဆီးထောင်ချခံနေရတဲ့ ကိစ္စ၊ ပြစ်ဒဏ်မမျှတတဲ့ ကိစ္စ၊ ပြီးတော့ တစ်ချို့ကိစ္စတွေမှာ သတင်းလွတ်လပ်ခွင့်ထက်ကို သတင်းထောက်တွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ဇောင်းပေးပြီး တင်ပြသွားမှာပါ” လို့ ဦးမြင့်ကျော်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ သတင်းထောက်တွေကို ဦးတည်တိုက်ခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဧရာဝတီဂျာနယ်က သတင်းထောက်ကို စစ်တပ်က ၀ိုင်းရိုက်ခဲ့ကြတဲ့ ကိစ္စမျိုးက သတင်းထောက်ကို ဦးတည် တိုက်ခိုက်တာပါလို့ သူက ဆက်ပြောပါတယ်။

မီဒီယာ ဥပဒေထွက်ပေါ်ခဲ့ပြီး ဖြစ်ပေမယ့် နည်းဥပဒေထွက်မလာသေးပဲ လက်ရှိမှာတော့ သတင်းသမားအများအပြားကို ဖမ်းဆီးထောင်ချ၊ စစ်ဆေးတာတွေ ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013