DVB Logo
Home
မြန်မာသတင်း
သတင်းသမားများကို နှစ်ရှည်ထောင်ချမှု အစိုးရနှင့်မဆိုင်ဟု သမ္မတ အကြောင်းပြန်
DVB
·
July 25, 2014
သတင်းသမားများကို နှစ်ရှည်ထောင်ချမှု အစိုးရနှင့်မဆိုင်ဟု သမ္မတ အကြောင်းပြန်
Donate to DVB

ယူနတီသတင်းသမားတွေကို ထောင် ၁၀ နှစ်ချတာဟာ တရားရုံးရဲ့ တရားစီရင်ခွင့်ဖြစ်လို့ အစိုးရနဲ့ မဆိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို အကြောင်းပြန်ကြားလိုက်ပါတယ်။

လတ်တလောရင်ဆိုင်နေရတဲ့ မီဒီယာအရေး ဖြေလျှော့စဉ်းစားပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သမ္မတထံ သ၀ဏ်လွှာပေးပို့ခဲ့တာကို သမ္မတက လွှတ်တော်နာယကဆီ သ၀ဏ်လွှာပြန်လည်ပေးပို့ ခဲ့တာပါ။

u thein seinဒီသ၀ဏ်လွှာမှာ မီဒီယာသမားတွေကို အပြစ်ပေး ထောင်ချမှု အစိုးရနဲ့ မဆိုင်ကြောင်း ဖော်ပြခဲ့ တာလို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကခုလို ပြောပါတယ်။

“အဓိကကတော့ ထောင်ဒဏ် ၁၀ နှစ်ချတာ များတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒါက တရားရုံးရဲ့ တရားစီရင်မှု ဖြစ်နေတယ်။ အဲဒါက အစိုးရနဲ့ မဆိုင်ဘူး။ တရားစွဲဆိုတာလည်း သက်ဆိုင်ရာ တပ်ကနေပြီး ဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုလုပ်ပြီး စွဲထားတာ။ နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိပါတယ်။”

ဇူလိုင် ၂၂ ရက် ရက်စွဲပါ သမ္မတရဲ့ ပြန်ကြားစာမှာ လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်တာကြောင့် သက်ဆိုင်တဲ့ အဖွဲ့အစည်းက တရားစွဲဆိုပြီး တရားရေးမဏ္ဍိုင်က ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ်တရားစီရင်တာဟာ အုပ်ချုပ်တဲ့အစိုးရနဲ့ တိုက်ရိုက်ပတ်သက်ခြင်းမရှိဘူးလို့ ဥပဒေတွေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ပြည်တွင်းပြည်ပ မီဒီယာတချို့ရဲ့ မသင့်လျော်တဲ့ အမုန်းပွားစေတဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ ရေးသားလှုံ့ဆော်မှုတွေကြောင့် နိုင်ငံတွင်း လူအုပ်စုချင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တာကို ကြုံတွေ့ခဲ့ရပြီးဖြစ်တယ်။ ပြည်သူတွေအနေနဲ့ မီဒီယာကို လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ မီဒီယာဖြစ်စေလိုတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ဒီကိစ္စတွေကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာနယ်ဇင်းကောင်စီယာယီက တာဝန်ရှိသူတွေကိုလည်း ဇူလိုင် ၂၁ ရက်က နေပြည်တော်မှာ ခေါ်ယူတွေဆုံ ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်။ အစိုးရအနေနဲ့ လွတ်လပ်မှုနဲ့ ပြည်သူတွေကို အန္တရာယ်မဖြစ်စေဖို့ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီညီ လုပ်ဆောင်ရတာကို နားလည်ပေးဖို့နဲ့ တရားဥပဒေနဲ့ အညီ နေထိုင်လုပ်ကိုင်စားသောက်မယ်ဆိုရင် ဘယ်သူမဆို ဘယ်အဖွဲ့အစည်းကို မဆို အစိုးရအနေနဲ့ အကာအကွယ်ပေးသွားမယ်လို့ စာပြန်ကြားခဲ့ပါတယ်။

တရားလွှတ်တော်ရှေနေ ဦးရောဘတ်ဆန်းအောင်ကတော့ သမ္မတရဲ့ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ လုပ်ဆောင်ချက် အစိုးရနဲ့ မဆိုင်ဘူးဆိုတဲ့ တုံ့ပြန်ချက်အပေါ်ရှေနောက်စကား မညီဘူးလို့ သုံးသပ်ပြောပါတယ်။

“ပြောမယ်ဆိုရင် သမ္မတရုံးနဲ့ မသက်ဆိုင်ဘူးဆိုရင် ယူနတီဂျာနယ်ကိစ္စမှာ သမ္မတရုံးက ထွက်ခဲ့တဲ့ အမှုတွဲပါ သက်သေခံ (ခ) စာအရ ကျနော်တို့က ပြန်ကောက်ရင် အခုပြောဆိုချက်က မကိုက်ညီဘူးလို့ ပြောချင်တယ်။”

လတ်တလောမှာ ယူနတီသတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမျတ်ထားပြီး ဘိုင်မွန်းတည့်နေဂျာနယ် အယ်ဒီတာတွေလည်း ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

ဒါ့အပြင် ရဲသတင်းတပ်ဖွဲ့က သတင်းဂျာနယ်တိုက်တချို့က တာဝန်ရှိသူတွေကိုလည်း ခေါ်ယူမေးမြန်း စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် လက်ရှိ မြန်မာနိုင်ငံရဲ့စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စောင့်ကြည့် ဝေဖန်နေကြချိန်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013